Print
Category: ပြည်တွင်းသတင်း
Hits: 88

၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် ပညာသင်ယူမည့်ကျောင်းသား၊ ကျောင်းသူများကိုပညာသင်ပံ့ပိုးကြေးနှင့်

ပညာရည်ချွန်ဆုပေးပွဲကို ဇူလိုင် ၃ဝ ရက်မွန်းလွဲ ၁ နာရီက ယာဉ်လုပ်ငန်းများကြီးကြပ်ရေး လုပ်ငန်းကော်မတီရုံးစိန်မန္တလေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးချုပ် စိန်လွင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်စိုး၊ မန္တလေးတိုင်းဒေသကြီး (ကုန်တင်ယာဉ်-ခေါက်တိုယာဉ်) ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသန်းအောင်တို့က ပညာရည်ချွန်ဆုနှင့် ပံ့ပိုးကြေးပေးအပ်ရခြင်း အကြောင်းရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများကတက္ကသိုလ်ဝင်တန်း အောင်မြင်သူများနှင့် ယခုပညာသင်နှစ် ပညာသင်ယူမည့်ကျောင်းသား၊ ကျောင်းသူများကို ပညာရည်ချွန်ဆုနှင့်ပံ့ပိုးကြေးများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထိုသို့ ကျောင်းသား၊ကျောင်းသူများကို ပညာသင်ပံ့ပိုးကြေးနှင့်ပညာရည်ချွန် ဆုများ ပေးအပ်ရာတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူတစ်ဦးလျှင် ငွေကျပ် ၄၅ဝဝဝ၊အထက်တန်းအဆင့် တစ်ဦးလျှင်ငွေကျပ် ၄ဝဝဝဝ၊ အလယ်တန်းအဆင့် တစ်ဦးလျှင် ငွေကျပ်၃၅ဝဝဝ၊ မူလတန်းအဆင့် တစ်ဦးလျှင် ငွေကျပ် ၃ဝဝဝဝ နှင့်ဂုဏ်ထူးရရှိသူများကို တစ်ဘာသာလျှင်ထပ်ဆောင်း ငွေကျပ် ၃ဝဝဝဝချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနား၌မန္တလေးတိုင်းဒေသကြီး (ကုန်တင်ယာဉ်-ခေါက်တိုယာဉ်) ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ ပညာသင်ပံ့ပိုးကြေးပေးရာတွင် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၄၉ ဦး၊အလယ်တန်းအဆင့်ကျောင်းသား၊ကျောင်းသူ ၇၄ ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူဦးရေ ၁၆ဝ၊ တက္ကသိုလ်ဝင်တန်းရိုးရိုးအောင်မြင်သူ သုံးဦး၊ ဂုဏ်ထူးဖြင့်အောင်မြင်သူတစ်ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၂၈၇ဦးတို့အတွက် ငွေကျပ် ၉၅ သိန်းကျော်ကို ချီးမြှင့်ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။