ရန်ကုန်မြို့မှ မန္တလေး၊ မော်လမြိုင်၊ ပြည်နှင့် ပဲခူးမြို့သို့ ပြေးဆွဲနေသည့် ရထားခရီးစဉ်များတွင်နေ့စဉ်လိုက်ပါ စီးနင်းသူ ခရီးသည်ဦးရေ ၁၉ဝဝ ခန့် ရှိနေကြောင်းရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီးဦးသောင်းထိုက်က ပြောပြ၍သိရသည်။

ရန်ကုန်ဘူတာကြီးမှ နေ့စဉ်ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည်၊ ရန်ကုန်-ပုဂံ၊ရန်ကုန်-ပဲခူး ရထားခရီးစဉ်များကို ပုံမှန်ပြေးဆွဲလျက်ရှိရာ အဆိုပါခရီးစဉ်များတွင် နေ့စဉ်လိုက်ပါစီးနင်းသူ ဦးရေ ၁၉ဝဝ ခန့်ရှိကြောင်း သိရသည်။ ပြီးခဲ့တဲ့ ကိုဗစ်ကာလက စတင်ပြီး ရထားနဲ့ ခရီးသွားလာသူအရေ အတွက် လျော့ကျခဲ့တာကြောင့် ရထားခရီးစဉ်တချို့ရပ်နားထားရမှုတွေရှိခဲ့ပါတယ်။ ဒီနှစ်နှစ်ဆန်းပိုင်းကစပြီး ရထားနဲ့ခရီးသွားသူ အရေအတွက်များလာပါတယ်။ မိုးတွင်းကာလဖြစ်ပေမဲ့ ရထားနဲ့ ခရီးသွားလာသူတွေ များလာပါတယ်။ ခရီးစဉ်တွေအားလုံးအတွက် နေ့စဉ်သွားလာနေသူခရီးသည် အယောက်၁၉ဝဝ လောက် ရှိပါတယ်ဟုရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီးဦးသောင်းထိုက်က ပြောပြသည်။ အဆိုပါ ရထားခရီးစဉ်များတွင် ရန်ကုန်-မန္တလေး ခရီးစဉ်အတွက်လေအိတ်ရထား၊ အမြန်ရထားများအပါအဝင် ရထားသုံးစင်း၊ ရန်ကုန်ပြည် ခရီးစဉ်အတွက် အမြန်ရထားနှစ်စင်း၊ ရန်ကုန်-မော်လမြိုင် ခရီးစဉ်အတွက် လေအိတ်ရထား၊အမြန်ရထားနှစ်စင်း၊ ရန်ကုန်-ပုဂံခရီးစဉ်အတွက် အမြန်ရထားတစ်စင်း၊ ရန်ကုန်-ပဲခူးခရီးစဉ်အတွက်အမြန်ရထား တစ်စင်းအပြင် ရန်ကုန်တိုင်းဒေသကြီးရှိ ကြည့်မြင်တိုင်ဘူတာမှ ပြည်ဘူတာသို့ စာပို့ရထားတစ်စင်းတို့ကို ပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။