Print
Category: ပြည်တွင်းသတင်း
Hits: 132

ပြည်တွင်းစားသုံးမှုများပြားသည့် မြန်မာ့ထွက်ကုန် ဗမာသံပရာသီးများ အရောင်းအဝယ် ကောင်းမွန်လာပြီး ဈေးကောင်းရရှိ နေကြောင်း မန္တလေးမြို့မှ သံပရာ ပွဲရုံပိုင်ရှင် ဒေါ်မြို့မြို့ဝင်းက ပြောပြ၍ သိရသည်။ သံပရာပင်များစိုက်ပျိုးရာတွင် ဗမာသံပရာ၊ သံပယို

စသည်ဖြင့် အမျိုးအစားခွဲခြားစိုက်ပျိုးထားရှိရာ ဗမာသံပရာသီးမှာ တစ်နှစ်ပတ်လုံးထွက်ရှိပြီး ယခုနှစ် အောက် တိုဘာလ တတိယပတ်မှစ၍ ယနေ့ထိ အရောင်းအဝယ်ကောင်းမွန်လာပြီး ဈေးကောင်းရရှိနေကြောင်း၊ လက်ရှိအချိန်တွင် သံပရာသီး ဈေးနှုန်းများမှာ အလုံးသေးတစ်လုံးလျှင် ငွေကျပ် ၈ဝ နှင့် အလုံးကြီး တစ်လုံးလျှင် ငွေကျပ် ၁ဝဝ ရောင်း ချနေရကာ ဈေးကောင်းရရှိနေကြောင်း မန္တလေးမြို့မှ သံပရာသီး ပွဲရုံပိုင်ရှင် ဒေါ်မြို့မြို့ဝင်းက ပြောပြသည်။ ဗမာသံပရာသီးက ပြည်တွင်း ဈေးကွက်မှာ ပုံမှန်အတိုင်းအရောင်း အဝယ်ကောင်းနေပါတယ်။ ကဆုန်၊ နယုန်လအတွင်းမှာ မိုးဦးသီး အနေနဲ့ လှိုင်လှိုင်ထွက်ပေါ်လာပြီး တစ်လုံးကို ငွေ ၁ဝ ကျပ်၊ ၁၅ ကျပ် လောက်ပဲရရှိပေမဲ့ အခုလို သီတင်း ကျွတ်၊ တန်ဆောင်မုန်းလလောက်က စပြီး ဈေးနှုန်းကတရိပ်ရိပ်တက်လာ တာပါ။ တပေါင်း၊ တန်ခူးမှာတော့ မိုးနှောင်းသီးအနေနဲ့ အထွက်နှုန်း နည်းသွားတဲ့အပြင် ပူပြင်းတဲ့ ရာသီအတွက် အသုံးပြုမှုများလာ တာကြောင့် တစ်လုံးကို ငွေကျပ် ၁၈ဝ ကနေ ၂ဝဝ ထိ အမြင့်ဆုံးဈေး အနေနဲ့ ရောင်းချရပါ တယ်။ ဗမာ သံပရာသီးဟာ မိုးဦးသီး၊ မိုးလယ် သီး၊ မိုးနှောင်းသီးဆိုပြီးရှိရာ မိုးဦးသီးများမှာ အထွက်နှုန်း ကောင်းမွန်ပြီး အသီးကြွေကျတာတွေလဲ ဖြစ်ပေါ်လေ့ရှိတဲ့အတွက် ကြွေကျတဲ့အသီးတွေကို သံပရာ ချဉ် ပြုလုပ်ကာ တစ်ပိဿာကို ငွေ ကျပ် ၃ဝဝဝ နှုန်း ရောင်းချရပါ တယ်ဟု မန္တလေးမြို့မှ သံပရာ ပွဲရုံပိုင်ရှင် ဒေါ်မြို့မြို့ဝင်းက ပြောပြသည်။ အဆိုပါ ဗမာသံပရာသီးကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စဥ့်ကိုင်မြို့နယ်နှင့် ဒုဋ္ဌဝတီမြစ်ကမ်း ဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် အဓိကစိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသည့် ဗမာသံပရာသီများကို ပြည်တွင်းဈေးကွက်သို့ ရောင်းချကြကြောင်း သိရသည်။