ရွှေကြက်ယက်ဆိပ်ကမ်းမှရန် ကုန်နှင့် အခြားမြို့များသို့ နိုဝင်ဘာ ၁ ရက်မှစ၍ ဘိလပ်မြေတင် ပို့သည့်သင်္ဘော များပြားလျက်ရှိ ကြောင်း မန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စည်းကမ်း ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောပြ၍ သိရသည်။

ယခုအခါ မန္တလေးတိုင်းဒေသ ကြီး အမရပူရမြို့နယ်ရှိ ရွှေကြက် ယက်ဆိပ်ကမ်းမှ ရန်ကုန်နှင့် အခြားမြို့များသို့ တင်ပို့မည့် ကုန် စည်ရရှိမှု ယခင်ကထက် ပိုမို များပြား လျက်ရှိကြောင်း၊ လတ်တလောတွင် ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်၊ ကသာ၊ ထီးချိုင့် စသည့် မြို့များသို့ ဘိလပ်မြေတင်ပို့သည့် သင်္ဘောများ များပြားလာကြောင်း သိရသည်။အခုလတ်တလော ရွှေကြက် ယက် ဆိပ်ကမ်းကနေ ရန်ကုန်နဲ့ အခြားမြို့တွေကို အဆောက်အအုံ ဆောက်လုပ်ရာမှာ အရေးပါတဲ့ ဘိလပ်မြေအိတ် တင်ပို့တဲ့ သင်္ဘောတွေ ပြန်ပြီးများလာတယ်။ မင်းကွန်းနဲ့ အခြားမြို့တွေဘက်က နေလဲ မှာတာတွေရှိတယ်ဟု ဦးဝင်းမောင်ကပြောပြသည်။ရွှေကြက်ယက်ဆိပ်ကမ်းမှရန်ကုန်ဆိပ်ကမ်းနှင့်အခြားမြို့များသို့ဘိလပ်မြေတင်ပို့သည့် သင်္ဘော မှာ အောက်တိုဘာလ နောက်ဆုံး ပတ်က တစ်ရက်လျှင် အစီးရေ ၂ဝ ကျော်သာရှိခဲ့သော်လည်း နိုဝင်ဘာ ၁ ရက်မှစ၍ ဘိလပ်မြေတင်ပို့သည့် သင်္ဘောမှာ တစ်ရက်လျှင် အစီးရေ ၆ဝ ကျော်ထိရှိလာကြောင်း မန္တလေး တိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ် များ စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ သိရသည်။