Print
Category: ပြည်တွင်းသတင်း
Hits: 134

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်ခုနစ်မြို့နယ်တွင် ဆောင်းနေကြာ မျိုးစေ့ထုတ်စိုက်ဧက ၁၅ဝ အတွက် ငွေကျပ် ၂၂ သန်းကျော် ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲအနေဖြင့် ဆောင်းနေကြာ မျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူ များကို အောက်တိုဘာလ ပထမ ပတ်ကစ၍ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခဲ့ရာ ယနေ့ထိ ငွေ ကျပ် ၂၂ ဒသမ ၅ သန်းကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ တောင်သူများ၏ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ် ထွန်းပြီး မျိုးကောင်း မျိုးသန့်များ ရရှိစေရန်အတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်းနေကြာ မျိုးစေ့ထုတ်စိုက် တောင်သူတွေကို ဆက်စပ် ဌာနတွေရဲ့ ထောက်ခံချက်တွေနဲ့ ထုတ် ချေးပေးတာပါ။ ထုတ်ချေးငွေတွေ ကိုလဲ အောက်တိုဘာလ ပထမ ပတ်ကနေ ချေးပေးခဲ့တာပါ။ တောင်သူတွေကို အတိုးနှုန်းသက် သာစွာနဲ့ ချေးပေးပါတယ်။ မြို့နယ် ခုနစ်မြို့နယ်က ဆောင်းနေကြာ မျိုးစေ့ထုတ်စိုက်တဲ့ တောင်သူတွေ ကို အဓိက ထုတ်ချေးပေးပါတယ်။ တောင်သူတွေ အဆင်ပြေစေဖို့ အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီဆောင်ရွက်ပေးနေတာပါဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီးမန်နေဂျာ ဦးစိုးကိုကိုဝင်း က ပြောပြသည်။အဆိုပါ ဆောင်းနေကြာမျိုးစေ့ ထုတ်စိုက်ဧကများအတွက် ချေး ငွေများကို ထုတ်ချေးပေးရာတွင် ဆောင်းနေကြာမျိုးစေ့ထုတ်ကွက် တစ်ဧကလျှင် ငွေကျပ် ၁၅ဝဝဝဝ နှုန်းချေးပေးခဲ့ကြောင်း၊ ထိုသို့ ထုတ်ချေးပေးခဲ့သည့် မြို့နယ်များ မှာ ကျောက်ဆည်မြို့နယ်၊ မိတ္ထီလာ မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦး လွင်မြို့နယ်၊ မတ္တရာမြို့နယ်၊ မြင်းခြံ မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် တို့ဖြစ်ကြောင်း သိရသည်။