Print
Category: နိုင်ငံတကာသတင်း
Hits: 132

၂ဝ၂၃ ခုနှစ် နှစ်သစ်ကူးပွဲတော်ကို တရုတ်နိုင်ငံတစ်ဝန်း၌ ယနေ့တွင် ကျင်းပခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ 

အဆိုပါ နှစ်သစ်ကူးပွဲသည်ကိုဗစ်-၁၉ ရောဂါကပ်ဘေး စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးကျင်းပ သည့် အဓိကပွဲတော်ကြီးဖြစ်သည်။  အဆိုပါ နှစ်သစ်ကူးနေ့တွင်ပေကျင်းမြို့နှင့် အခြားတရုတ်မြို့ကြီးများ၌ တရုတ်ပြည်သူထောင်ပေါင်းများစွာတို့သည် ဘုရားဝတ်ကျောင်းများ၌ ကျန်းမာရေးအတွက် ဆုတောင်းခဲ့ကြ သည်။  တရုတ်အစိုးရက ကိုဗစ်-၁၉ရောဂါကူးစက်မှု ထိန်းချုပ်ရေးစည်းမျဉ်းများကို ရုပ်သိမ်းပေးခဲ့ခြင်းကြောင့် ယခုနှစ် နှစ်သစ်ကူးရာသီတွင် တရုတ်ပြည်သူအများအပြားတို့မှာ သုံးနှစ်တာကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ဇာတိရပ်ရွာများသို့ ပြန်ခွင့်ရခဲ့ကြကြောင်းသိရသည်။ နှစ်သစ်ကူးပွဲများသည် တရုတ်နိုင်ငံ၏ အရေးအကြီးဆုံးပွဲတော်ဖြစ်ပြီး တရုတ်ရာသီခွင်ဇယားအရယခုနှစ်မှာ ယုန်နှစ်ဖြစ်သည်။ ပြီးခဲ့သည့် နှစ်များအတွင်းတရုတ်ပြည်သူများမှာ နှစ်သစ်ကူးပွဲများကို ကိုဗစ်-၁၉ ရောဂါစည်းမျဉ်းများအောက်၌ ကျင်းပခဲ့ရကြောင်း သိရသည်။