Print
Category: နိုင်ငံတကာသတင်း
Hits: 97

ယူကရိန်းအရှေ့ပိုင်း ဘက်ခ်မတ်မြို့ကို သိမ်းယူနိုင်ခဲ့သည့်အတွက်ဝဂ္ဂနာပုဂ္ဂလိကလက်နက်ကိုင်တပ်ဖွဲ့နှင့် ရုရှားတပ်များကို ရုရှားသမ္မတပူတင်က ယနေ့တွင်

ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်းရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။ ဘက်ခ်မတ်မြို့တိုက်ပွဲမှာ ရုရှား၏အောင်ပွဲဖြင့် အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း ယင်းတိုက်ပွဲ၌ ရုရှားနိုင်ငံဘက်မှပါဝင်တိုက်ခိုက်ပေးခဲ့သူများကို နိုင်ငံတော်အဆင့် ဘွဲ့တံဆိပ်များ ချီးမြှင့်မည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ကြေညာချက်၌ ဖော်ပြထားသည်။ ဝဂ္ဂနာထိုးစစ် အုပ်စုများနှင့်ယင်း ထိုးစစ်အုပ်စုများအတွက်လိုအပ်သည့်ထောက်ပို့လုပ်ငန်းများပစ်ကူများပေးခဲ့ကြသည့် ရုရှားတပ်များကြောင့် ဘက်ခ်မတ်မြို့လွတ်မြောက်ရေးတိုက်ပွဲ အဆုံးသတ်ခဲ့ရခြင်းဖြစ်ကြောင်း သမ္မတပူတင်က ပြောကြားခဲ့ သည်။ ဘက်ခ်မတ်မြို့ကို စစ်ရေးအရထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်းဝဂ္ဂနာအုပ်စုခေါင်းဆောင် ယက်ဗ်ဂျင်နီပရီဂိုဇင်က ယနေ့မှာပင်ပြောကြားထားသည်။၁၅ လကြာ ယူကရိန်းစစ်ရေးပဋိပက္ခကာလအတွင်း ဘက်ခ်မတ်မြို့ တိုက်ပွဲမှာအပြင်းထန်ဆုံးတိုက်ပွဲများထဲတွင် ပါဝင်ခဲ့သည်။ ဘက်ခ်မတ်မြို့ အခြေအနေနှင့် ပတ်သက်၍ ရုရှားနိုင်ငံ၏ကြေညာချက်များကို ယူကရိန်းအစိုးရက တစ်စုံတစ်ရာတုံ့ပြန်မှုမရှိသေးကြောင်း သိရသည်။