Print
Category: နိုင်ငံတကာသတင်း
Hits: 125

ပင်လယ်နက် ဆိပ်ကမ်းများမှတစ်ဆင့် ကောက်ပဲသီးနှံတင်ပို့ရေး ဆိုင်ရာသဘောတူညီချက်၌ပူးပေါင်းပါဝင်မှုကို ရုရှားနိုင်ငံက ဆိုင်းငံ့ ထားပြီးနောက် ပင်လယ်နက်လုံခြုံ ရေးစင်္ကြံလမ်းကြောင်းတစ်လျှောက် သင်္ဘောများ သွားလာ နေမှုမှာ

လက်သင့်ခံ၍မရနိုင်သော ကိစ္စဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက အောက်တိုဘာ ၃၁ ရက် တွင် သတင်းထုတ်ပြန်ထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြ ခဲ့သည်။ ကုလသမဂ္ဂနှင့်တူရကီတို့ကြားဝင် ညှိနှိုင်းမှုဖြင့်ရယူထားသောပင်လယ် နက်ကောက်ပဲသီးနှံ သဘောတူညီ ချက်အရ ပင်လယ်နက်လုံခြုံရေး စင်္ကြံလမ်းကြောင်းမှ တစ်ဆင့် ယူကရိန်း ကောက်ပဲသီးနှံများကို ပြည်ပသို့တင်ပို့ခွင့်ပေးထားကြောင်း သိရသည်။သို့သော် ရုရှားနိုင်ငံကို တိုက်ခိုက် ရန်ယင်းလုံခြုံရေးစင်္ကြံ လမ်းကြောင်း ကို ယူကရိန်းက အသုံးချခဲ့ပြီးနောက် ယင်းစင်္ကြံလမ်းကြောင်းတစ်လျှောက် သင်္ဘောများသွားလာဖြတ်သန်းမှုကို ရုရှားနိုင်ငံအနေဖြင့် လက်မခံနိုင် ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကြေညာချက်၌ ဖော်ပြထားသည်။ယူကရိန်းနိုင်ငံသည် ပင်လယ် နက်လုံခြုံရေးစင်္ကြံလမ်းမှတစ်ဆင့် မောင်းသူမဲ့လေယာဉ်များစေလွှတ်၍ ကရိုင်းမီးယား ကျွန်းဆွယ်ဒေသရှိ ရုရှားပင်လယ်နက် ရေတပ်ကို အောက်တိုဘာ ၂၉ ရက်တွင် တိုက် ခိုက်ရန်ကြိုးစားခဲ့ကြောင်း ရုရှား နိုင်ငံက ပြောကြားထားသည်။ ပင်လယ်နက်လုံခြုံရေးစင်္ကြံလမ်းကို ယူကရိန်းကစစ်ရေးအရ အသုံး ချခဲ့ပြီးနောက် ယင်းလမ်းကြောင်း တစ်လျှောက် ဖြတ်သန်းသွားလာ နေသည့် မည်သည့်ရေယာဉ်အတွက် မျှ လုံခြုံရေးအာမခံချက်မရှိတော့ ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကြေညာချက်၌ ဖော်ပြထားသည်။ရုရှားနိုင်ငံသို့ ကရိုင်းမီးယား ကျွန်းဆွယ် ဒေသရှိ ပင်လယ်နက်ရေတပ်စခန်း တိုက်ခိုက်ခံခဲ့ရပြီး နောက် ရုရှားနိုင်ငံသည် ပင်လယ်နက် ဆိပ်ကမ်းများမှ တစ်ဆင့် ယူကရိန်း ကောက်ပဲသီးနှံများပြန်လည်တင်ပို့ နိုင်ရေးဆိုင်ရာသဘောတူညီချက်၌ ပူးပေါင်းပါဝင်မှု ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။