Print
Category: နိုင်ငံတကာသတင်း
Hits: 65

ပြီးခဲ့သည့်လက ကျင်းပခဲ့သော ပြည်နယ်ငါးခုလွှတ်တော်ရွေးကောက်ပွဲများအနက် ပြည်နယ်လေးခုတို့၏ဆန္ဒမဲများကို အိန္ဒိယရွေးကောက်ပွဲကော်မရှင်က

ယနေ့တွင် စတင်ရေတွက်နေပြီဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်လအတွင်း ရာဂျက်စတန်ပြည်နယ်၊မဒရာပရာဒေ့ရှ်ပြည်နယ်၊ ချာတစ်ဂါပြည်နယ်၊ တီလန်ဂါနာပြည်နယ်နှင့်မီဇိုရမ်ပြည်နယ်တို့၌လွှတ်တော်ရွေးကောက်ပွဲများကို အဆင့်ဆင့်ခွဲ၍ကျင်းပခဲ့သည်။ယင်းရွေးကောက်ပွဲငါးခုအနက်ရာဂျက်စတန်၊ မဒရာပရာဒေ့ရှ်၊ချာတစ်ဂါနှင့် တီလန်ဂါနာပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဆန္ဒမဲများကို ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက စတင်ရေတွက်လျက်ရှိရာ ယနေ့မှာပင် ရလဒ်များပေါ်ထွက် လာနိုင်ဖွယ်ရှိကြောင်းသိရသည်။ မီဇိုရမ်ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဆန္ဒမဲများကိုဒီဇင်ဘာ ၄ ရက်တွင် စတင်ရေတွက်နိုင်ဖွယ်ရှိသည်။ အဆိုပါပြည်နယ် ငါးပြည်နယ်ရွေးကောက်ပွဲရလဒ်များသည် ၂ဝ၂၄ခုနှစ် အမျိုးသားရွေးကောက်ပွဲများမတိုင်မီ လက်ရှိအာဏာရ ဘရာတိယာဂျနေတာပါတီ (ဘီဂျေပီ )ရရှိထားသည့် လူထုထောက်ခံမှုအတိုင်းအဆကို ပြသနိုင်ဖွယ်ရှိသည်။ ဝန်ကြီးချုပ် မိုဒီဦးဆောင်သည့်ဘီဂျေပီသည် ၂ဝ၂၄ ခုနှစ်အမျိုးသားရွေးကောက်ပွဲ၌ တတိယအကြိမ်အဖြစ်ဆက်တိုက်အနိုင်ရရန်ရည်ရွယ်ထားကြောင်း သိရသည်။