အကျဉ်းသားများအား အကျဉ်းထောင်ရွှေ့ပြောင်းမှုများကို မကျေနပ်သူများ၏ ဗုံးဖောက်ခွဲတိုက်ခိုက်မှု များကြောင့် ရဲတပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့ရပြီးနောက် အီကွေဒေါ သမ္မတဂွီလာမိုလက်ဆိုက နိုဝင်ဘာ ၁ ရက်တွင် ပြည်နယ်နှစ်ခုအတွက် အရေးပေါ်အခြေအနေ

ကြေညာ ခဲ့ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ အောက်တိုဘာ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ ရက်တို့တွင် အီကွေဒေါ မြို့ကြီးနှစ်မြို့၌ ဖြစ်ပွားခဲ့သည့် ဖောက်ခွဲ တိုက်ခိုက်မှုများသည် မူးယစ်ဂိုဏ်းများက နိုင်ငံတော်ကို အတိအလင်းစစ်ကြေညာလိုက်ခြင်းဖြစ်ကြောင်း သမ္မတဂွီလာမိုလက်ဆို က ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများသည် သတ်မှတ်အရေအတွက်ထက်ပို၍ အကျဉ်းသားများကို လက်ခံထားရ သည့်အကျဉ်းထောင်များမှ အကျဉ်း သားများအား ထောင်ရွှေ့ပြောင်း မှုကို တုံ့ပြန်သည့်အနေဖြင့် မူးယစ်ဂိုဏ်းများက ပြုလုပ်ခဲ့ကြသော တိုက်ခိုက်မှုများ ဖြစ်ကြကြောင်း အီကွေဒေါ တာဝန်ရှိသူများက ပြောကြားထားသည်။ ဗုံးခွဲ တိုက်ခိုက်မှုများအတွင်း ရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရပြီး နောက် အီကွေဒေါသမ္မတ ဂွီလာမိုလက်ဆိုသည် ဂွါယားစ်ပြည်နယ်နှင့် အက်စမာရဲလ်ဒါးစ် ပြည်နယ်များ အတွက် အရေးပေါ်အခြေအနေများ ကြေညာပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။အီကွေဒေါ အကျဉ်းထောင် စနစ်သည် ဖွဲ့စည်းပုံ ဆိုင်ရာပြဿနာ များနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင် ခဲ့ရပြီး ၂ဝ၂ဝ ပြည့်နှစ်မှစ၍ ယနေ့ ထိ အကျဉ်းထောင် အဓိကရုဏ်းများ ကြောင့် လူပေါင်းအနည်းဆုံး ဦးရေ ၄ဝဝ သေဆုံးခဲ့ရသည်။အီကွေဒေါတာဝန်ရှိသူများသည် အကြမ်းဖက်မှု အများဆုံးအကျဉ်းထောင်ဖြစ်သော ဂွါယာကွီးလ်မြို့ အကျဉ်းထောင်မှ အကျဉ်းသား ၅၁၅ ဦးတို့ကို အကျဉ်းထောင်နေရာ ရွှေ့ပြောင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။