Print
Category: နိုင်ငံတကာသတင်း
Hits: 134

အီသီယိုးပီးယားအစိုးရနှင့်တီဂရေး ဒေသ လက်နက်ကိုင်တပ်များသည် ရန်လိုမှုများရပ်ဆိုင်းကြရန် နိုဝင် ဘာ ၂ ရက်တွင် သဘောတူညီခဲ့ကြ ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။အဆိုပါသဘောတူညီချက်သည်

နှစ်နှစ်ကြာအီသီယိုးပီးယား စစ်ရေး ပဋိပက္ခများ အဆုံးသတ်ရေး အတွက် မမျှော်လင့်ဘဲ ရရှိခဲ့သော သံတမန်ရေး အောင်မြင်မှုတစ်ရပ် ဖြစ်ခဲ့သည်။အာဖရိကသမဂ္ဂ (အေယူ)၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင် ခဲ့ပြီး ရက်သတ္တပတ်ကျော်ကြာတွင် အီသီယိုးပီးယားအစိုးရနှင့် တီဂရေး လက်နက်ကိုင်များကြား ရန်လိုမှု များ ရပ်ဆိုင်းရေးသဘောတူညီချက် ကို ရယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါရန်လိုမှုများ ရပ်ဆိုင်း ရေးသဘောတူညီချက်၌ တရား ဥပဒေစိုးမိုးမှုပြန်လည်ထိန်းသိမ်းရေး၊ ပြည်သူ့ဝန်ဆောင်မှုများပြန်လည် စတင်ရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ များအနှောင့်အယှက်မရှိပေးနိုင်ရေး တို့လည်းပါဝင်ကြောင်း အာဖရိက သမဂ္ဂတာဝန်ရှိသူများက ပြောကြား ခဲ့သည်။အီသီယိုးပီးယားနှင့် တီဂရေး လက်နက်ကိုင်များကြား အဆိုပါ သဘောတူညီချက်ကို မမျှော်လင့် ဘဲရယူရေးအတွက် နိုင်ဂျီးရီးယား သမ္မတဟောင်း အိုဘာဆန်ဂျို ဦးဆောင်သည့် အာဖရိကသမဂ္ဂ ညှိနှိုင်းရေးအဖွဲ့က ကြိုးစားပေးခဲ့ ခြင်းဖြစ်သည်။အီသီယိုးပီးယားနှင့် တီဂရေး အုပ်စုများကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို တောင်အာဖရိက နိုင်ငံ ပရီတိုးရီးယားမြို့၌ ကျင်းပ နေခြင်းဖြစ်ကြောင်း သိရသည်။