Print
Category: နိုင်ငံတကာသတင်း
Hits: 112

ဟောလိုးဝင်းပါတီပွဲ၌ လူပြိုမှု ကြောင့် လူဦးရေ ၁၅ဝ ကျော် သေဆုံးခဲ့ရပြီးနောက် တောင်ကိုရီးယား တာဝန်ရှိသူများသည် လူစုလူဝေးမှု များပြားသော မြေအောက်ရထား ဘူတာရုံများကို စောင့်ကြည့်မှုမြှင့် တင်ထားကြောင်း

ရိုက်တာသတင်း ဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ဆိုးလ်မြို့တော် အီတေဝန် ည ဈေးနယ်မြေ လမ်းကြားတစ်ခု၌ အောက်တိုဘာ ၂၉ ရက်က ကျင်းပခဲ့သည့် ဟောလိုးဝင်းပါတီပွဲလူပြိုမှုကြောင့် ၁၅၆ ဦး သေဆုံး၍ ၁၈၇ ဦး ဒဏ်ရာများရရှိခဲ့သည်။အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီး နောက် လူပြိုမှုများ ဖြစ်ပွားနိုင်ခြေ မြင့်မားသော မြေအောက်ရထား ဘူတာရုံများကို ရဲတပ်ဖွဲ့၏ စောင့် ကြည့်မှု မြှင့်တင်ထားကြောင်း တောင်ကိုရီးယားဝန်ကြီးချုပ် ဟန် ဒက်ခ်ဆိုးက ယနေ့တွင် ပြောကြား ထားသည်။ထို့ပြင် ဝန်ကြီးချုပ် ဟန်ဒက်ခ် ဆိုးက ယနေ့မှစ၍ ဆိုးလ်မြို့တော် အတွင်းရှိ မြေအောက်ရထားဘူတာ ရုံများ၌ လူအုပ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီရေး အတွက် ရဲတပ်ဖွဲ့ဝင်များ ဖြန့်ကြက် ထားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။အီတေဝန် လူပြိုမှုဖြစ်စဉ်တွင် လူပြိုမှုဖြစ်ပွားခဲ့ရာနေရာ၌ ရဲတပ်ဖွဲ့ ၏ လူအုပ်ထိန်းချုပ်မှုလုပ်ငန်းစဉ် များမှာ လုံလောက်မှုမရှိခဲ့ကြောင်း တောင်ကိုရီးယားအမျိုးသား ရဲတပ်ဖွဲ့အကြီးအကဲက ဝန်ခံထားသည်။ အီတေဝန်လူပြိုမှုဖြစ်စဉ်အတွက် ဝမ်းနည်းမှုကာလ သီတင်းတစ်ပတ်ကို တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုး က ကြေညာပေးခဲ့ကြောင်း သိရသည်။