Print
Category: နိုင်ငံတကာသတင်း
Hits: 129

ဆော်ဒီအာရေဗျ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်- ဆော်ဒီအာရေဗျနှစ်နိုင်ငံ ကုန်သွယ်မှု ဆက်ဆံရေးကိစ္စနှင့် ဒေသတွင်း လုံခြုံရေးကိစ္စများကို ဦးစားပေးဆွေးနွေးမည်ဖြစ်ကြောင်း ဆော်ဒီအာရေဗျ တာဝန်ရှိသူများ၏အဆိုကိုကိုးကား၍

ရိုက်တာသတင်း ဌာနက နိုဝင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဆော်ဒီအာရေဗျနိုင်ငံသို့ ယခုနှစ် ဒီဇင်ဘာလအတွင်း လာရောက်ဖွယ်ရှိကြောင်း ဆော်ဒီအာရေဗျအစိုးရ သတင်းအရင်းအမြစ်များ၏ အဆိုအရ သိရသည်။ အဆိုပါခရီးစဉ်အတွင်း တရုတ် သမ္မတ ရှီကျင့်ဖျင်သည် တရုတ်နှင့် ဆော်ဒီအာရေဗျနှစ်နိုင်ငံကုန်သွယ် မှုဆက်ဆံရေးကိစ္စများ၊ ဒေသတွင်း လုံခြုံရေးပြဿနာများကို အဓိက ဆွေးနွေးမည်ဖြစ်ကြောင်း ဆော်ဒီ အာရေဗျ နိုင်ငံခြားရေးဝန်ကြီး အဒဲလ်အယ်လ်ဂျူဆီအာက ထုတ်ဖော်ပြောကြားထားသည်။ သို့သော် သမ္မတ ရှီကျင့်ဖျင်၏ ဆော်ဒီအာရေဗျခရီးစဉ်နှင့်ပတ်သက် ၍ အသေးစိတ်အချက်အလက်များ ကို ဆော်ဒီနိုင်ငံခြားရေး ဝန်ကြီးက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။ ဈေးကွက်အတွင်းသို့ ရေနံဖြည့် ဆည်းမှု အငြင်းပွားမှုများကြောင့် ဆော်ဒီအာရေဗျနှင့် အမေရိကန် နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာ နေချိန်တွင် ဆော်ဒီအာရေဗျသို့ သွားရောက်ရန် တရုတ်သမ္မတက စီစဉ်ထားခြင်းဖြစ်သည်။ပင်လယ်ကွေ့အာရပ်နိုင်ငံများ နှင့် တရုတ်နိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာခြင်း နှင့် ပတ်သက်၍ အမေရိကန်အစိုးရ က စိုးရိမ်မကင်းဖြစ်လျက်ရှိကြောင်း သိရသည်။