Print
Category: နိုင်ငံတကာသတင်း
Hits: 189

တရုတ်နိုင်ငံ ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဟောင်ကောင်လေဆိပ်သည် ယနေ့တွင် တတိယမြောက် လေယာဉ်ပြေးလမ်းသစ်ကို တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း

အေပီသတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ တတိယမြောက် လေယာဉ်ပြေးလမ်းသစ်သည် ဟောင်ကောင်လေဆိပ်ကို အဓိက ဒေသ တွင်းလေကြောင်းခရီးစဉ် ဗဟိုချက်အဖြစ် မြှင့်တင်ပေးနိုင်ဖွယ်ရှိကြောင်း ဟောင်ကောင်လေဆိပ် တာဝန်ရှိသူများက မျှော်လင့်ထားသည်။ ဟောင်ကောင်လေဆိပ်သည် တတိယမြောက်လေယာဉ်ပြေးလမ်း သစ်ကို ယခုနှစ် ဇူလိုင်လအတွင်းက စတင်အသုံးပြုခဲ့သော်လည်း ယနေ့မှသာ တရားဝင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လေယာဉ်ပြေးလမ်းသစ်၌ တစ်ရက်လျှင် လေကြောင်း ခရီးစဉ် ၁၄ဝ ထိ အတက်အဆင်း ပြုလုပ်နေပြီဖြစ်ကြောင်း ဟောင်ကောင်လေဆိပ်တာဝန်ရှိသူများက ပြောကြားထားသည်။ သို့ရာတွင် လက်ရှိအချိန်တွင် ဟောင်ကောင်လေဆိပ်သည် လေဆိပ်အလယ်ပြေးလမ်းကို ပြုပြင်မွမ်းမံရေးအတွက် ပိတ်ထားမှုကြောင့် လေယာဉ်ပြေးလမ်း နှစ်ခုကိုသာ သုံးစွဲနေရကြောင်း သိရသည်။ လေယာဉ်ပြေးလမ်း သုံးခုလုံး ပြန်လည်လုပ်ငန်းလည်ပတ်နိုင်ချိန်တွင် ဟောင်ကောင်လေဆိပ်၏ စွမ်းဆောင်ရည်ပို၍ မြင့်မားလာ မည်ဖြစ်ပြီး လေကြောင်းခရီးစဉ်များ ဝင်ရောက်မှုလည်း မြင့်တက်လာမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။