Print
Category: နိုင်ငံတကာသတင်း
Hits: 182

ရုရှားနိုင်ငံ ဦးဆောင်သော လုံခြုံရေးမဟာမိတ်အဖွဲ့ကို ဖြိုခွဲရန် ကြိုးစားမှုများ အမြဲတမ်းရှိခဲ့သလို နောင်တွင်လည်း ရှိနေလိမ့်မည်ဖြစ်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့် ရှိသူ ဒီမီထရီပက်စကော့ဗ်က နိုဝင် ဘာ ၂၇ ရက်တွင် ထုတ်ဖော်ပြော ကြားခဲ့သည်။

ရုရှားနိုင်ငံ ဦးဆောင်သော စုပေါင်း လုံခြုံရေးစာချုပ်အဖွဲ့ (စီအက်စ်တီအို)၏ စွမ်းဆောင်ရည် နှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံတစ် နိုင်ငံဖြစ်သည့် အာမေးနီးယားနိုင်ငံ က ဝေဖန်ခဲ့ပြီးနောက် ဒီမီထရီပက် စကော့ဗ်က အဆိုပါအတိုင်းပြော ကြားခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။အဖွဲ့ဝင်နိုင်ငံများကြား အမြင် ချင်းကွဲပြားမှုများရှိနေနိုင်ကြောင်း၊ သို့သော်စီအက်စ်တီအိုသည် အရေး ကြီးသော အဖွဲ့အစည်းအဖြစ် ရပ်တည်နေဆဲဖြစ်သကဲ့သို့ အဖွဲ့၏ စွမ်းဆောင်ရည်ကိုလည်း ကာဇက် စတန်နိုင်ငံပြဿနာ၌ ပြသခဲ့ပြီးဖြစ် ကြောင်း ဒီမီထရီပက်စကော့ဗ်က ရုပ်သံတွေ့ဆုံ မေးမြန်းခန်းတစ်ခု တွင် ပြောကြားခဲ့သည်။ သို့သော် စီအက်စ်တီအိုအဖွဲ့ ကိုဖြိုခွဲရန် ကြိုးစားမှုများမှာ ယခု ရှိနေသကဲ့သို့ နောင်လည်းဆက်ရှိနေဦးမည်ဖြစ်ကြောင်း ဒီမီထရီပက် စကော့ဗ်က သုံးသပ်ခဲ့သည်။အာမေးနီးယား နိုင်ငံသည် အဇာဘိုင်ဂျန်နိုင်ငံနှင့် ယခုနှစ် စက်တင်ဘာလအတွင်း စစ်ရေး ပဋိပက္ခဖြစ်ပွားခဲ့စဉ်စီအက်စ်တီအို ၏အကူအညီ တောင်းခံခဲ့ရာ လေ့လာသူများ လွှတ်ပေးမည်ဟူသည့် ကတိစကားသာ ရခဲ့ကြောင်း သိရသည်။ သို့သော် အဖွဲ့ဝင်နိုင်ငံခြောက်နိုင်ငံပါ စီအက်စ်တီအိုအဖွဲ့၏ စွမ်း ဆောင်ရည်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်နေကြောင်း အာမေးနီးယား ဝန်ကြီးချုပ် နီကိုးလ်ပါရှင်ယန်က ရုရှားသမ္မတပူတင်လည်း တက်ရောက်ခဲ့သော စီအက်စ်တီအို ညီလာခံ၌ နိုဝင်ဘာ ၂၃ ရက်တွင် ဝေဖန်ခဲ့ကြောင်း သိရသည်။