အိန္ဒိယနိုင်ငံသည် ပြည်ပသို့သကြားတင်ပို့မှု ကန့်သတ်ရေး စည်းမျဉ်းကို ၂ဝ၂၃ ခုနှစ် အောက်တို ဘာလထိ သက်တမ်းတစ်နှစ်ထပ်တိုး မည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

သို့သော်သကြားတင်ပို့မှုကန့်သတ်ချက်ကို သက်တမ်းတစ်နှစ်ထပ်တိုး ခဲ့သည့်တိုင် ပြည်ပဈေးကွက်များ၌ ဈေးကွက်ဝေစုတစ်နေရာ ဆက်ယူ ထားနိုင်ဖွယ်ရှိသည်ဟု အိန္ဒိယအစိုးရက မျှော်လင့်ထားသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်၌ သကြားအများဆုံးထုတ်လုပ်တင်ပို့ သည့်နိုင်ငံဖြစ်သလို သကြားအများ ဆုံးစားသုံးသော နိုင်ငံလည်း ဖြစ်သည်။ သို့သော် အိန္ဒိယနိုင်ငံပြည်ပသို့ သကြားတင်ပို့မှု အားကောင်းလာမှု နှင့်အတူ ပြည်တွင်းဈေးကွက် သကြားဈေးနှုန်းများမြင့်တက်လာမှု ကြောင့် ယခုနှစ်အတွင်းပြည်ပသို့ သကြားတင်ပို့မှုကို ယခုလကုန်ပိုင်း ထိ ကန့်သတ်ခဲ့သည်။ယခုကုန်သွယ်ရေးရာသီ၌ပြည်ပ သို့တင်ပို့ခွင့်ရှိသည့် ဈေးကွက်ဝေစုကို လာမည့် ရက်သတ္တပတ်အတွင်း ကြေညာရန် အိန္ဒိယအစိုးရက စီစဉ် ထားသည်။ အိန္ဒိယအစိုးရသည် ယခုနှစ်၏ ဒုတိယမြောက် ဈေးကွက်ဝေစု အဖြစ် သကြားတန်ချိန်သုံးသန်းခန့် ကို ပြည်ပသို့တင်ပို့ခွင့်ပေးဖွယ်ရှိကြောင်းသိရသည်။