ကိုယ်ဝန်ဆောင်ကာလအတွင်း နေ့စဉ် ကော်ဖီအနည်းငယ်သောက် သုံးခဲ့လျှင်ပင် မွေးဖွားလာမည့် ရင်သွေး၏အရပ်မှာ ပုံမှန်ထက် တစ်လက်မခန့် ပိုနိမ့်သွားနိုင် ကြောင်း သုတေသနပညာရှင်များ ၏အဆိုကို ကိုးကား၍ The Daily Mail သတင်းစာက

အောက် တိုဘာ ၃၁ ရက်က ရေးသား တင်ပြထားသည်။ အမေရိကန် သုတေသနပညာ ရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကိုယ်ဝန်ဆောင်ကာလအတွင်း တစ်ရက်လျှင် ကဖင်းဓာတ်ကို ၅ဝ မီလီဂရမ် ပုံမှန်စားသုံးသည့် မိခင် လောင်းများမှ မွေးဖွားလာသော ကလေးများသည် အသက်ရှစ်နှစ် ရောက်လာချိန်တွင် သက်တူရွယ်တူ များထက် အရပ်နှစ်စင်တီမီတာထိ ပိုနိမ့်နေတတ်ကြောင်း သိရသည်။မိခင်၏အသက်အရွယ်၊ ဆေး လိပ်သောက်သုံးမှုပုံစံနှင့် ဝင်ငွေ အပါအဝင် အခြားအကြောင်းတရား များကို ထည့်သွင်းတွက်ချက်ခဲ့လျှင် ပင်အထက်ပါရလဒ်မှာ ခိုင်မာနေ ဆဲဖြစ်ကြောင်း သုတေသနပညာရှင် များက ပြောကြားသည်။အမေရိကန် သုတေသနပညာ ရှင်များသည် ကလေး ၂၅ဝဝ တို့၏ ကျန်းမာရေး အချက်အလက်များကို လေ့လာပြီးနောက် ၄င်းတို့၏တွေ့ရှိ ချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ပြီး အထက်ပါ တွေ့ရှိချက်အရ မိခင် လောင်းများအနေဖြင့် ကိုယ်ဝန်ဆောင်ကာလအတွင်း ကော်ဖီသောက်သုံးမှုကို လုံးဝရှောင်ရှားသင့်ကြောင်း အကြံပြုထားသည်။