Print
Category: အခြားသတင်းများ
Hits: 80

ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုသည် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း အကျိုးရှိကြောင်း

Health Day News ဆေးပညာသတင်းဝက်ဘ်ဆိုက်ကစက်တင်ဘာ ၇ ရက်တွင် ရေးသားတင်ပြထားသည်။ နော်ဝေ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရကိုယ်ကာယ ကျန်းမာသန်စွမ်းသူများသည် စိတ်ကျန်းမာရေးပြဿနာဆေးဝါးများ သုံးစွဲရန်လိုအပ်နိုင်ခြေပုံမှန်ထက် ပိုနည်းပါးသည်။ နော်ဝေ သုတေသနပညာရှင်များသည် လူပေါင်း ၂၅ဝဝဝဝ ၏ကျန်းမာရေး သတင်းအချက်အလက်များကို စိစစ်လေ့လာခဲ့ကြကြောင်းသိရသည်။ လေ့လာချက်မှထွက်ပေါ်လာသည့်ရလဒ်များအရ ကိုယ်ကာယကျန်းမာသန်စွမ်းသူများအနေဖြင့်စိတ်ကျဝေဒနာနှင့် စိုးရိမ်သောကဝေဒနာဆေးများ သုံးစွဲရန်လိုအပ်နိုင်ခြေ ပုံမှန်ထက်ပိုနည်းသည်ကိုတွေ့ရကြောင်း သိရသည်။ အလားတူကိုယ်ကာယကျန်း မာသန်စွမ်းမှု၏ အထက်ပါအကျိုးကျေးဇူးကို အသက်အရွယ်မရွေး၊အမျိုးသား၊ အမျိုးသမီးမရွေး ခံစားနိုင်ကြောင်း နော်ဝေ သုတေသနပညာရှင်များက ပြောကြားသည်။သို့ဖြစ်ရာ လူတစ်ဦးချင်းစီအနေဖြင့် သီတင်းတစ်ပတ်လျှင် မိနစ်၁၅ဝ မှ ၃ဝဝ ထိ အချိန်ပေး၍ကိုယ်ကာယလေ့ကျင့်လှုပ်ရှားမှုများပြုလုပ်သင့်သည်ဟု သုတေသနပညာရှင်များက အကြံပြုထားကြောင်း သိရသည်။