Print
Category: အခြားသတင်းများ
Hits: 85

နေ့လယ်ပိုင်း အိပ်ငိုက်မှုကိုဖြေဖျောက်ရာတွင် ကော်ဖီထက်ကောင်းသည့် ဆေးဝါးများကိုသုတေသနပညာရှင်များက

တွေ့ရှိထားကြောင်းအောက်တိုဘာ၁၉ ရက်သတင်းများ၌ ဖော်ပြထားသည်။ကနေဒါ သုတေသနပညာရှင်များ၏အဆိုအရ အမောအပန်းပြေဆေးသုံးမျိုးသည် နေ့လယ်ပိုင်းအိပ်ငိုက်မှုကို ထိရောက်စွာလျှော့ချနိုင်ကြောင်း သိရသည်။ ကနေဒါ သုတေသနပညာရှင်များသည် အိပ်စက်စဉ် လေပြွန်ပိတ်ဆို့မှုပြဿနာနှင့် ဆက်စပ်ပြဿနာတစ်ရပ်ဖြစ်သော နေ့လယ်ပိုင်း အိပ်ငိုက်မှုပြဿနာ ရှိသူဦးရေ ၃ဝဝဝ ကျော်ပါဝင်သည့်လေ့လာမှုပေါင်း ၁၄ ခုတို့ကိုပြန်လည်စိစစ်သုံးသပ်ခဲ့ကြသည်။ ထွက်ပေါ်လာသည့်ရလဒ်များ Solriamfetol Armodafinilmodafinilနှင့်Pitolisantအမောအပန်းပြေဆေးသုံးမျိုးသည်နေ့လယ်ပိုင်း အိပ်ငိုက်မှုကိုထိရောက်စွာ လျှော့ချနိုင်သည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များကပြောကြားသည်။ အဆိုပါဆေးသုံးမျိုးဖြင့် ကုသမှု ခံယူထားသည့်လူနာများ၏ ကိုယ်စိတ် နိုးကြားမှုနှုန်းသည် ဆေးယောင်များ (Placebo) ဖြင့်ကုသမှုခံယူထားသူများထက် ပို၍မြင့်မားကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။သို့ရာတွင် အဆိုပါဆေးများတွင် ဘေးထွက်ဆိုးကျိုးများရှိနေနိုင်သည်ဟု ကနေဒါသုတေသနပညာရှင်များက ပြောကြားကြောင်းသိရသည်။