Print
Category: အခြားသတင်းများ
Hits: 150

ကိုဗစ်ရောဂါကြောင့် အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီယား စုဖွဲ့မှုပုံစံ ထိခိုက်သွားနိုင်ကြောင်း သုတေသနပညာရှင်များ၏အဆိုကို ကိုးကား၍ Health Day News ဆေးပညာ သတင်းဝက်ဘ်ဆိုက်က နိုဝင်ဘာ ၁ ရက်က ရေးသားတင်ပြထားသည်။

ကိုဗစ်ရောဂါကြောင့် သာမန်အားဖြင့် လူတို့၏အဆုတ်အင်္ဂါ ထိခိုက် ပျက်စီးတတ်ပြီး ဦးနှောက် စွမ်းဆောင်ရည်အပေါ်တွင်လည်း ရေရှည်အကျိုးသက်ရောက်မှုများရှိနိုင်ကြောင်း သိထားကြပြီးဖြစ်သည်။သို့ရာတွင် အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ်မှ သုတေ သနပညာရှင်များ၏ လေ့လာချက် အရ ကိုဗစ်ရောဂါကြောင့် အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီး ယားစုဖွဲ့မှုပုံစံလည်း ထိခိုက် သွားနိုင်ကြောင်း သုတေသနပညာရှင် များ၏အဆိုအရ သိရသည်။ မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ကိုဗစ်ရောဂါကြောင့် အစာ ခြေလမ်းကြောင်းစနစ်အတွင်းရှိ ဗက်တီးရီးယား မျိုးစိတ်အရေ အတွက် ကျဆင်း သွားနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။ အစာခြေ လမ်းကြောင်းစနစ်အတွင်းရှိ အကျိုးပြုဗက်တီးရီးယား မျိုးစိတ်များ အရေအတွက်ကျဆင်းခဲ့ပါက ပဋိဇီဝ ဆေးယဉ်ပါးဗက်တီး ရီယားများ ပေါ်ထွက်လာနိုင်သည် ဟု သုတေသနပညာရှင်များက သတိပေးထားကြောင်း သိရသည်။