အမေရိကန်နိုင်ငံ အနောက်တောင်ဘက်ပိုင်းရှိ ပြည်နယ်များတွင် မိုးခေါင်သည့်ပြဿနာဖြင့် ရင်ဆိုင်နေရပြီး လက်ရှိရင်ဆိုင်နေ ရသော မိုးခေါင်သည့်ပြဿနာသည် နှစ်ပေါင်း ၁၂ဝဝ အတွင်း အဆိုး ရွားဆုံးမိုးခေါင်မှု ဖြစ်ကြောင်း

အမေရိကန်အမျိုးသားမိုးလေဝသစင်တာ က နိုဝင်ဘာ ၁ ရက်က ထုတ် ပြန်ခဲ့ကြောင်း SBS သတင်း ဌာနက ယနေ့တွင် ရေးသားဖော်ပြခဲ့သည်။ မိုးခေါင်သည့်ပြဿနာကြောင့် အနောက်တောင်ဘက်ပိုင်း ရှိ မြစ်ချောင်းများတွင်လည်း ရေပမာဏ သိသိသာသာကျဆင်းလျက်ရှိနေပြီး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ အတွက် ခက်ခဲသည့်အခြေအနေ တစ်ရပ် ဖြစ်ပေါ်လာနိုင်ကြောင်း၊ အရီဇိုးနားပြည်နယ် တောင်ဘက်ပိုင်းရှိ တူစကန်မြို့သည် မိုးခေါင် သည့်ပြဿနာဖြင့် ရင်ဆိုင်နေရ သော်လည်း အာဏာပိုင်အဖွဲ့ အစည်းက ပြည်နယ်အာဏာပိုင် အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် သောက်သုံးရေပုံမှန် ရရှိနေပြီး အခြားသောပြည်နယ် များမှ မြို့များအနေဖြင့် တူစကန် မြို့ကို နမူနာယူသင့်ကြောင်းလည်း လင်ကွန်း အင်တီစကျုမှ သုတေသီများက တိုက်တွန်းခဲ့သည်။ တူစကန်မြို့ဟာ မိုးရွာသွန်းလာရင် မိုးရေတွေကိုဘယ်လို အကျိုးရှိရှိ ပြန်လည်အသုံးပြုနေတာကို တခြားမြို့တွေအနေနဲ့ နမူနာယူသင့်တယ်။ တူစကန်မြို့မှာ သောက်သုံးရေဖူလုံဖို့အတွက် သီးခြားအခြေခံ အဆောက်အအုံတွေ ဆောက်လုပ် တာမျိုးမရှိပါဘူး။ ဘတ်ဂျက်တွေ ကိုလဲ သောက်သုံးရေဖူလုံဖို့ အတွက် မျှမျှတတသုံးစွဲတတ် တယ်ဟု လင်ကွန်းအင်စတီကျုမှ ဒါရိုက်တာဖြစ်သူ ပေါလ်လာက ပြောကြားခဲ့သည်။ မှတ်တမ်းများအရ တူစကန်မြို့ တွင် ပြီးခဲ့သည့် ၁၅ နှစ်တာကာလ အတွင်း တစ်နှစ်လျှင် ပျမ်းမျှ မိုးရေချိန် ၁၂ လက်မထိ ရွာသွန်းခဲ့ သော်လည်း ယခုနှစ် အတွင်းမိုးရွာ သွန်းမှုမရှိသည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။