Print
Category: အခြားသတင်းများ
Hits: 104

အရွယ်မတိုင်မီ သေချိန်မတန်ဘဲ သေဆုံးရမှု ငါးမှုလျှင် တစ်မှုမှာ အလွန်အကျွံပြုပြင်စီရင်ထားသည့် အစားအစာများ စားသုံးမှုနှင့် ပတ်သက်နေကြောင်း သုတေသန ပညာရှင်များ၏အဆိုကို ကိုးကား၍ The Daily Mail သတင်းစာ က နိုဝင်ဘာ ၉ ရက်က

ရေးသား တင်ပြထားသည်။ဘရာဇီး သုတေသနပညာရှင် များ၏ လေ့လာတွေ့ရှိချက်အရ ၂ဝ၁၉ ခုနှစ်အတွင်း အသက် ၃ဝ နှင့် ၉၉ နှစ်ကြား ဘရာဇီးနိုင်ငံသား ၅၇ဝဝဝ ခန့် သေဆုံးခဲ့မှုမှာ အလွန် အကျွံပြုပြင်ထားသည့် သရေစာ များစားသုံးမှုနှင့် ပတ်သက်နေ ကြောင်း သိရသည်။အလွန်အကျွံ ပြုပြင်စီရင်ထား သည့် အစားအစာများကြောင့် သေဆုံးမှုရာနှုန်းသည် အထက်ပါ အသက်အရွယ် အပိုင်းအခြား အတွင်း ကြိုတင်တားဆီးနိုင်သည့် ရောဂါများဖြင့် သေဆုံးမှုရာနှုန်း စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းနှင့်ညီမျှ ကြောင်း ဘရာဇီးသုတေသနပညာ ရှင်များက ပြောကြားသည်။အထူးသဖြင့် အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်ကဲ့သို့တစ်ဦးချင်း ဝင်ငွေ မြင့်မားသောနိုင်ငံများ၌ အလွန်အကျွံပြုပြင်စီရင်ထားသည့် အစားအစာများ စားသုံးမှုမြင့်မား သည်ဖြစ်ရာ အဆိုပါနိုင်ငံများ ရင်ဆိုင်ရမည့် ကျန်းမာရေးဆိုးကျိုး မှာလည်း ပို၍ကြီးမားလိမ့်မည်ဖြစ် ကြောင်း ဘရာဇီးသုတေသနပညာ ရှင်များက သတိပေးထားသည်။ အလွန်အကျွံပြုပြင်စီရင်ထား သည့် အစားအစာများစားသုံးမှုကို လျှော့ချခဲ့ပါက ဘရာဇီးနိုင်ငံ၌ နှစ်စဉ်အရွယ်မတိုင်မီ သေဆုံးမှု ၂၉၃ဝဝ ထိကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း သုတေသနပညာရှင် များက သုံးသပ်ထားသည်။