ဘဟားမားစ်နိုင်ငံတွင် နီကိုးဟု အမည်ပေးထားသည့် အပူပိုင်း မုန်တိုင်းအမျိုးအစား ဝင်ရောက် တိုက်ခတ်ခဲ့ပြီး နောက် နိုဝင်ဘာ ၉ ရက်မှစ၍ ဒေသခံတချို့ ဘေးလွတ် ရာရွှေ့ပြောင်းခဲ့ရသည်ဟု ဘဟားမားစ် အာဏာပိုင် အဖွဲ့အစည်းက ထုတ်ပြန်ခဲ့ကြောင်း

US News သတင်းဌာနက ယနေ့တွင် ရေးသား ဖော်ပြခဲ့သည်။နီကိုး မုန်တိုင်းသည် ဟာရီကိန်း မုန်တိုင်းအသွင် ကူးပြောင်းတော့ မည်ဖြစ်ပြီး ဖလော်ရီဒါကမ်းခြေသို့ မဝင်ရောက်မီ ဘဟားမားစ်နိုင်ငံ အတွင်း၌ပင် ဟာရီကိန်းမုန်တိုင်း အသွင်ဖြင့် ဆက်လက်တိုက်ခတ် ဖွယ်ရှိကြောင်း မိုင်ယာမီအခြေစိုက် အမေရိကန်အမျိုးသားဟာရီကိန်း စင်တာက သတိပေးချက်ထုတ် ပြန်ခဲ့သည်။ နီကိုးမုန်တိုင်းဟာ ဘဟားမားစ် နိုင်ငံအတွင်းမှာ တိုက်ခတ်နေပါ တယ်။ မုန်တိုင်းဟာ ဟာရီကိန်း မုန်တိုင်း အသွင်ကို ကူးပြောင်းတော့ မှာဖြစ်ပါတယ်။ မူလ ခန့်မှန်းချက် အရ ဖလော်ရီဒါကမ်းခြေကို ဝင် ရောက်တဲ့ အချိန်မှသာ ဟာရီကိန်း မုန်တိုင်းအသွင်ကို ကူးပြောင်းမှာ ဖြစ်ပေမဲ့ ဘဟားမားစ်နိုင်ငံအတွင်း မှာတင် ဟာရီကိန်းမုန်တိုင်းအသွင် ကို ကူးပြောင်းဖို့ရှိနေပါတယ်ဟု မိုင်ယာမီအခြေစိုက် အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာမှ ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်လ် ဘရောင်းက ပြောကြားခဲ့သည်။နီကိုးမုန်တိုင်းကြောင့် ဘဟား မားစ်နိုင်ငံ အနောက်မြောက်ဘက် ပိုင်းရှိ ဒေသခံထောင်နှင့်ချီ၍ ဘေး လွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး ယာယီ ရွက်ဖျင်တဲများဖြင့် နေရာချပေး ထားကြောင်း၊ မုန်တိုင်းဝင်ရောက်မည်ဖြစ်သောကြောင့် ဖလော်ရီဒါ ကမ်းခြေတွင်လည်း ဒေသခံတချို့ ကို ဘေးလွတ်ရာရွှေ့ပြောင်းရန် ညွှန်ကြားထားပြီး ဖလော်ရီဒါ လေဆိပ်ကို လည်း ယာယီပိတ်ထား လိုက်ပြီဖြစ်ကြောင်း၊ နီကိုးမုန်တိုင်းသည် ဘဟားမားစ်နိုင်ငံအတွင်း တစ်နာရီ မိုင် ၇ဝ နှုန်းဖြင့် တိုက် ခတ်နေပြီး မုန်တိုင်းအားကောင်း ခြင်းကြောင့် သစ်ပင်ကြီးတချို့လဲကျကာ လမ်းပိတ်ဆို့မှု များဖြစ်ပေါ်နေ ကြောင်း ဘဟားမားစ်အာဏာပိုင် အဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။