Print
Category: အခြားသတင်းများ
Hits: 104

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း အလုံအလောက်ပြုလုပ်ပေးပါက စိတ်ကျဝေဒနာ ဝင်နိုင်ခြေ၊စိုးရိမ်သောက ဝင်နိုင်ခြေတို့ကိုကာကွယ်နိုင်ကြောင်း    The Daily Mail သတင်းစာက

နိုဝင်ဘာ ၁ဝရက်က ရေးသား တင်ပြထားသည်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်မှုကိုစိတ်ကျဝေဒနာအတွက် ကုထုံးတစ်ရပ်အဖြစ် ဆေးပညာရှင် များကလက်ခံထားကြပြီးဖြစ်သည်။ သို့ရာတွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို လုံလုံလောက်လောက် ပြုလုပ်မှုသည် စိတ်ကျဝေဒနာ ဝင်ရောက်နိုင်ခြေ မြင့်မားသူများတွင်လည်း ၄င်းရောဂါ ဝင်ရောက်နိုင်မှုကို ကာကွယ်ပေးနိုင်ကြောင်း စကော့တလန်နိုင်ငံဂလပ်စဂိုတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုအရသိရသည်။ လူတိုင်းအနေဖြင့် ရက်သတ္တတစ်ပတ်လျှင် ၇၅ မိနစ်အချိန်ပေး၍ အားစိုက်ရသည့် လေ့ကျင့်ခန်းများပြုလုပ်ပါက စိုးရိမ်သောက ဝင်ရောက်မှုဖြစ်စဉ် ၁၉ ရာခိုင်နှုန်းခန့်ကို ကာကွယ်နိုင်ကြောင်း၊ အလားတူ ခွန်အားစိုက်ရသည့် လေ့ကျင့်ခန်းများကို ရက်သတ္တတစ်ပတ်လျှင် နှစ်နာရီခွဲနှင့် ငါးနာရီကြားထိအချိန် ပေးလုပ်ဆောင်ခဲ့ပါက စိတ်ကျဝေဒနာနှင့် စိုးရိမ်သောက ဝင်ရောက်နိုင်ခြေ ၁၃ ရာခိုင်နှုန်းကိုထပ်မံ ကာကွယ်ပေးနိုင်ကြောင်းသုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။စကော့တလန် သုတေသန ပညာရှင်များသည် လူပေါင်း၃၇ဝဝဝ ကျော်တို့၏ စိတ်ကျန်းမာရေးအခြေအနေများနှင့် လေ့ကျင့်ခန်း ပြုလုပ်မှုပုံစံတို့ကို လေ့လာပြီးနောက် ၄င်းတို့၏တွေ့ရှိချက်ကိုတင်ပြခဲ့ကြခြင်းဖြစ်သည်။