Print
Category: အခြားသတင်းများ
Hits: 129

မက္ကဆီကိုအခြေစိုက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီဖြစ်သည့် Pemex ကုမ္ပဏီသည် မက္ကဆီကို နိုင်ငံအတွင်း မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချနိုင်ရေးအတွက် အစိုးရ၏ရည်မှန်းချက်ကိုအကောင် အထည်ဖော်ပေးသွားမည်ဖြစ်သလို

မက္ကဆီကိုအစိုးရအဖွဲ့၏ ရည်မှန်းချက်ကိုကူညီရာတွင် အမေရိကန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ သည်ဟု  US News သတင်းဌာနက ယနေ့တွင် ရေးသားဖော်ပြခဲ့သည်။ အမေရိကန်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အေဂျင်စီက Pemex ကုမ္ပဏီကို နည်းပညာပိုင်း ကူညီပေးသွားမည်ဖြစ်ပြီး မီသိန်း ဓာတ်ငွေ့ကို လျှော့ချနိုင်ပါက လေထုညစ်ညမ်းမှုမြင့်တက်သည့် ပြဿနာကို ထိထိရောက်ရောက် ကာကွယ်နိုင်တော့မည်ဖြစ်ကြောင်း၊ မက္ကဆီကိုနိုင်ငံ၏ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး စီမံချက်ကို Pemex ကုမ္ပဏီက အမေရိကန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီနှင့် ပူးပေါင်းကာ ၂ဝ၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း အပြီး သတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်ထားသည်။ မီသိန်း ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအတွက် အလေးထား ဆောင်ရွက်သွားမယ်။ ကုမ္ပဏီရဲ့ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးစီမံချက်အတွက် အမေ ရိကန် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအေဂျင်စီက နည်းပညာ ပိုင်း ကူညီပံ့ပိုးပေးမှာဖြစ်ပါတယ်။ ကမ်းလွန်နဲ့ ပင်လယ်အတွင်း ရေနံ တူးဖော်ရေးလုပ်ငန်းတွေမှာ မီသိန်း ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး အတွက် အမေရိကန်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီရဲ့ အကူအညီကို ရယူသွားမှာဖြစ်ပါတယ်ဟု Pemex ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။