Print
Category: အခြားသတင်းများ
Hits: 118

တုပ်ကွေးရောဂါကာကွယ်ဆေး ကို နှစ်စဉ်ထိုးနှံပါက နှလုံးရပ်တန့်မှု ပြဿနာရှိနေသူများ အသက်ဆုံးပါး နိုင်ခြေ လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များ၏အဆိုကို ကိုးကား၍  Health Day News  ဆေးပညာ သတင်းဝက်ဘ်ဆိုက်က

နိုဝင်ဘာ ၁၈ ရက်က ရေးသားတင်ပြထားသည်။ တုပ်ကွေးကာကွယ်ဆေးထိုးနှံမှုသည် နှလုံးရပ်တန့်မှုပြဿနာရှိ သူ လူနာများကို တုပ်ကွေးရောဂါ မှ ကာကွယ်ပေးနိုင်သည့်အပြင် အဆုတ် ကူးစက်ရောဂါများနှင့် နှလုံးကျန်းမာရေး ပြဿနာများ ပေါ်လာနိုင်ခြေကိုလည်း လျှော့ချ ပေးနိုင်ကြောင်း ကနေဒါနိုင်ငံ မက်မာစတာတက္ကသိုလ်မှ သုတေ သန ပညာရှင်များ၏ အဆိုအရ သိရသည်။ကနေဒါ သုတေသနပညာရှင် များသည် နှလုံးရပ်တန့်မှုပြဿနာရှိသူ လူနာပေါင်း ၅ဝဝဝ ကျော်တို့၏ ဆေးဝါး ကုသမှုမှတ်တမ်းများ ကို လေ့လာခဲ့ကြသည်။ လေ့လာချက် ရလဒ်များအရ တုပ်ကွေးကာကွယ်ဆေး ထိုးနှံထား သူ လူနာများသည် ထိုးနှံခြင်းမရှိ သည့် လူနာများနှင့်နှိုင်းယှဉ်ပါက အဆုတ်ရောဂါဖြစ်နိုင်ခြေ ၄ဝ ရာခိုင်နှုန်း ကျဆင်းနေတတ်ပြီး နှလုံးရပ်တန့်မှုကြောင့် ဆေးရုံတက် ရနိုင်ခြေမှာလည်း ၁၅ ရာခိုင်နှုန်း ပိုနည်းပါးကြောင်း ကနေဒါသုတေ သနပညာရှင်များက ပြောကြားသည်။ နှလုံးရပ်တန့်မှု ပြဿနာရှိသူများသည် အခြား ကျန်းမာရေး ပြဿနာများလည်း ခံစားရလွယ် သည်ဖြစ်ရာ ငါးနှစ်အတွင်းအသက် ဆုံးပါးနိုင်ခြေ ပုံမှန်ထက် ၅ဝ ရာခိုင်နှုန်းထိပိုများကြောင်း၊အလားတူ နှလုံးရပ်တန့်မှု ပြဿနာရှိသူများအနက် ၂ဝ ရာခိုင်နှုန်းမှာ နှလုံး ကျန်းမာရေး ပြဿနာများကြောင့် နှစ်စဉ် ဆေးရုံတက်ရောက်နေရကြောင်း သိရသည်။