Print
Category: အခြားသတင်းများ
Hits: 122

ကနေဒါနိုင်ငံ ဗြိတိသျှကိုလံ ဘီယာပြည်နယ်တွင် ယခုနှစ် အတွင်း မိုးခေါင်ရေရှားပါးသည့် ပြဿနာဖြင့် ရင်ဆိုင်နေရပြီး ဆန်း ရှိုင်းကမ်းခြေဒေသကို မိုးခေါင်ရေ ရှားပါးမှုအန္တရာယ် အရေးပေါ် အခြေအနေအဖြစ် အောက်တိုဘာ လကတည်းက

သတ်မှတ်ထားရာ ယခုလအတွင်း မိုးအနည်းငယ် ရွာသွန်းလာသည့်အတွက် အာဏာ ပိုင်အဖွဲ့အစည်းက မိုးခေါင်ရေရှား ပါးမှု အရေးပေါ်အခြေအနေကို နိုဝင်ဘာ ၁၈ ရက်မှစ၍ ပြန်လည် ရုပ်သိမ်းကြောင်း ထုတ်ပြန်ခဲ့သည် ဟု The Globe And Mail သတင်းဌာနက ယနေ့တွင် ထုတ် ပြန်ခဲ့သည်။ မိုးခေါင်ရေရှားပါးမှုအရေးပေါ် အခြေအနေကို ပြန်လည်ရုပ်သိမ်း လိုက်ပြီဖြစ်သော်လည်း ဆန်းရှိုင်း ကမ်းခြေ ဒေသတွင် ရေပေးဝေမှုကို အကန့်အသတ်ဖြင့်သာ ပေးဝေသွား ဦးမည်ဖြစ်ကြောင်း ပြည်နယ် အာဏာပိုင် အဖွဲ့အစည်းက ထုတ် ပြန်ခဲ့ကြောင်း၊ ဒေသခံများရေအလုံ အလောက်ရရှိရေးအတွက် အာဏာ ပိုင်အဖွဲ့ အစည်းက စီစဉ်နေပြီ ဖြစ်ပြီး ရေအလုံအလောက်ရရှိလျှင် ရေပေးဝေမှုကို ပုံမှန် အတိုင်း ပေးဝေသွားမည်ဖြစ် ကြောင်း အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။မိုးခေါင်ရေရှားပါးမှုကြောင့် ဆန်းရှိုင်းကမ်းခြေဒေသတွေ ကို မိုး ခေါင်ရေရှားပါးမှုအန္တရာယ်အရေး ပေါ်အခြေအနေအဖြစ် အောက်တို ဘာလကတည်းက သတ်မှတ်ခဲ့ပါ တယ်။ မိုးခေါင်ရေရှားပါးမှုအခြေ အနေကို အချိန်ပြည့်စောင့်ကြည့် နေပြီးတော့ နိုဝင်ဘာလအတွင်း မိုး အနည်းငယ် ရွာသွန်းခဲ့တဲ့အတွက် အရေးပေါ်အခြေအနေကို ပြန် လည်ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ မိုးခေါင်ရေရှားပါးမှု အရေးပေါ် အခြေအနေကို ပြန်လည်ရုပ်သိမ်းလိုက်ပေမဲ့လဲ ရေပေးဝေမှုကို အကန့်အသတ်နဲ့ သာ ပေးဝေသွားအုံးမှာဖြစ်ပါတယ်။ ရေလုံလုံလောက် လောက်ရရှိတဲ့အချိန်မှ ပုံမှန်အတိုင်း ပြန်လည်ပေးဝေ သွားမှာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ရေ ပေးဝေရာမှာ အဓိကကျတဲ့ ချပ် မန်းကန်ကို သွားရောက် စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ချပ်မန်းကန် ရေပမာဏမြင့်တက်လာတဲ့အပေါ် မူတည်ပြီးတော့ ရေပေးဝေမှု အချိန် ဇယားကို ပြန်လည်ပြင်ဆင်ပေးသွား မှာဖြစ်ပါတယ်ဟု ဗြိတိသျှကိုလံ ဘီယာပြည်နယ် အာဏာပိုင်အဖွဲ့ အစည်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။