Print
Category: အခြားသတင်းများ
Hits: 134

ဖလာဗိုနောလ် (Flavonols) ခေါ် ဓာတုဒြပ်ပေါင်းတစ်မျိုးပါဝင်သည့် အစားအစာများ ပုံမှန်စားသုံး ပါက အသက်ရလာချိန်တွင် မှတ် ဥာဏ်ကျဆင်းလာမှုကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း သုတေသနပညာ ရှင်များ၏ အဆိုကို ကိုးကား၍

ယူပီအိုင်သတင်းဌာနက နိုဝင်ဘာ ၂၄ ရက်က ရေးသားတင်ပြထားသည်။ ဖလာဗို နောလ်ဓာတုဒြပ်ပေါင်းကို ကိုက်လန်၊ ခရမ်းချဉ်သီး၊ ပန်းသီးနှင့် လိမ္မော်သီးကဲ့သို့ အသီးအရွက်များအပြင် လက်ဖက်ရည် နှင့်ဝိုင်အရက်တွင် တွေ့ရတတ်ကြောင်း သိရသည်။ ဖလာဗိုလ်နောလ် ပါဝင်သည့် အစား အစာများ ပုံမှန်စားသုံးမှုသည် သက်ကြီးပိုင်းများ၏ဦးနှောက် ကျန်းမာရေးကို ထိန်းထားနိုင်ရေး အတွက် ရိုးစင်းသည့်နည်းလမ်း တစ်ရပ်ဖြစ်ကြောင်း အမေရိကန် သုတေသန ပညာရှင်များ၏ အဆို အရ သိရသည်။ မိမိတို့၏ လေ့လာတွေ့ရှိချက်များအရ ဖလာဗိုနောလ်ပါဝင် သည့် အစားအစာ အများဆုံး စားသုံးသူများသည် အနည်းဆုံး စားသုံးသူများနှင့် နှိုင်းယှဉ်ပါက မှတ်ဥာဏ်ကျဆင်းမှုအရှိန်နှုန်း ၃၂ ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။ ဖလာဗိုနောလ် ဓာတုဒြပ်ပေါင်းသည် အောက်ဆီဂျင်ဓာတ်ဖျက် ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုလျှော့ချရေးဂုဏ်သတ္တိများ ပိုင်ဆိုင်ထားပြီး လူ့ကိုယ်တွင်း ဆဲလ်အဆင့်ပျက်စီးမှုများကို ကာကွယ်ပေးနိုင်သည်ဟု သုတေသနပညာရှင်များက ယုံကြည်ထားကြောင်းသိရသည်။ အစားအစာ စားသုံးမှု ပုံစံနှင့် ဘဝနေထိုင်မှုပုံစံ အပြောင်းအလဲများကို ငယ်ရွယ်ချိန်ပြုလုပ်ကျင့်သုံးခြင်းဖြင့် အသက်ရလာချိန် ဦးနှောက်ကျန်းမာရေးကို ထိန်းပေးထားနိုင်ကြောင်း သုတေသနပညာရှင်များက သုံးသပ်ထားသည်။