Print
Category: အခြားသတင်းများ
Hits: 144

ကနေဒါနိုင်ငံသည် ရာသီဥတု ဖောက်ပြန်မှု ထိန်းချုပ်ရေးကို အလေးထားဆောင်ရွက်သွားရန် စီစဉ်လာခဲ့ပြီး နောက် ရာသီဥတု ဖောက်ပြန်မှုထိန်းချုပ်ရေး မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက်ရန်

ကနေဒါ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း ကနေဒါအာဏာပိုင်အဖွဲ့ အစည်းက ထုတ်ပြန်ခဲ့သည်ဟု CBS သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ကမ္ဘာမြေကြီးပူနွေးမှုကို လျှော့ချနိုင်ရေးအတွက် ရာသီဥတု ဖောက်ပြန်မှုထိန်းချုပ်ရေးမဟာဗျူဟာကို အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအတွက်လည်း ဖက်ဒရယ်အစိုးရ၏ ရန်ပုံငွေ မှ အသုံးပြုသွားမည်ဖြစ်ကြောင်း ကနေဒါအာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ခဲ့ သည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် နှစ်စဉ် ပျက်စီးဆုံးရှုံးမှုများဖြင့် ရင်ဆိုင်နေရပြီး ကနေဒါသုတေသီ များ၏ ခန့်မှန်းတွက်ချက်မှုအရ ရာသီဥတု ဖောက်ပြန်မှုကြောင့် ၂ဝ၃ဝ ပြည့်နှစ် အရောက်တွင် ပျက်စီးဆုံးရှုံးမှု ပမာဏမှာ ကနေဒါ ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံထိ မြင့်တက်လာနိုင်ကြောင်း၊ ရာသီဥတုဖောက်ပြန်မှု ထိန်းချုပ်ရေး မဟာဗျူဟာသည် ကနေဒါနိုင်ငံအတွက် ပျက်စီးဆုံးရှုံးမှုများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ရာသီဥတု ဖောက်ပြန်မှုကို တိုက်ဖျက်ဖို့အတွက် အရှိန်အဟုန်နဲ့ဆောင်ရွက်နေပါတယ်။ ရာသီ ဥတုဖောက်ပြန်မှု ထိန်းချုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်သွားမယ်။ နှစ်စဉ်နှစ်တိုင်း ရာသီဥတု ဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်တွေ ကျရောက်ပြီး ပျက်စီးဆုံးရှုံးမှုတွေ မြင့်မားခဲ့တယ်။ ပျက်စီး ဆုံးရှုံးမှုတွေ လျှော့ချနိုင်ဖို့အတွက် ရာသီဥတုဖောက်ပြန်မှုထိန်းချုပ်ရေးကို မဟာဗျူဟာချမှတ်ပြီး ဆောင်ရွက် သွားမယ်။ ချမှတ်ထားတဲ့ မဟာဗျူဟာအရ ကနေဒါဒေါ်လာ ၁ ဒသမ ၆ ဘီလီယံထိ အသုံးပြုသွားမှာဖြစ်ပါ တယ်ဟု ကနေဒါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး စတီဗင်က ပြောကြားသွားခဲ့သည်။