Print
Category: အခြားသတင်းများ
Hits: 387

စပိန်နိုင်ငံမြောက်ဘက်ပိုင်းတွင် အောက်တိုဘာလ ၂၈ ရက်နေ့ကတောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီးတောမီးလောင်ကျွမ်းမှုသည် ပုံမှန်မဟုတ်သည့် တောမီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်းစပိန်အာဏာပိုင် အဖွဲ့အစည်းကထုတ်ပြန်သွားခဲ့ကြောင်း

N World သတင်းဌာနကအောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သွားခဲ့သည်။ စပိန်နိုင်ငံမြောက်ဘက်ပိုင်းတွင် အပူချိန်သည် ၃၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လျက် ရှိနေပြီးအပူချိန်မြင့်တက်မှုကြောင့် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။ သို့သော်လည်းစပိန်နိုင်ငံ၏ မိုးလေ၀သအခြေအနေရ အောက်တိုဘာလတွင် အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လေ့ မရှိပဲပုံမှန်မဟုတ်သည့် ရာသီဥတုအခြေအနေသို့ ပြောင်းလဲနေကြောင်းလည်းသိရသည်။ တောမီးလောင်ကျွမ်းမှုကြောင့် စပိန်နိုင်ငံမြောက်ဘက်ပိုင်းဘက်စကွီဒေသ၊ အက်တူရီယက်စ်ဒေသနှင့် ကန်တာဘရီယာဒေသတို့တွင် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားနေသည့် နေရာပေါင်း ၄၀ အထိရှိနေကြောင်းလည်းသိရသည်။ စပိန်မိုးလေ၀သ ဦးစီးဌာနကလည်း ၂၀၂၂ ခုနှစ် အောက်တိုဘာလသည် စပိန်နိုင်ငံသမိုင်းတစ်လျှောက် အပူချိန်အမြင့်မားဆုံးသောလတစ်လဖြစ်ခဲ့ကြောင်းလည်းထုတ်ပြန်ကြေညာသွားခဲ့သည်။တောမီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီးဘက်စကွီမီးသတ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ဆန်းချက်က “ပုံမှန်မဟုတ်တဲ့ အပူချိန်မြင့်တက်မှုကြောင့် တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေပါတယ်။ တောမီးလောင်ကျွမ်းမှု လယ်ဗယ်ကိုလည်းလိမ္မော်ရောင်အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။ တောမီးကိုထိန်းချုပ်နိုင်ဖို့တော့ ကြိုးစားနေပါတယ်။ အပူချိန်မြင့်တက်နေတဲ့အတွက်ကြောင့် တောမီးကူးစက်မှုနှုန်းက မြင့်မားနေပါတယ်။ ဒေသခံတစ်ချို့ကိုလည်းဘေးလွတ်ရာရွှေ့ပြောင်းဖို့ ညွှန်ကြားထားပါတယ်။ ပုံမှန်မဟုတ်တဲ့ အပူချိန်မြင့်တက်မှုကြောင့် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ စပိန်နိုင်ငံရဲ့ မိုးလေ၀သအခြေအနေအရ အောက်တိုဘာလမှာဒီလိုအပူချိန်မြင့်တက်တာမျိုး ဖြစ်လေ့ဖြစ်ထမရှိပါဘူး။ ဒီနှစ်မှာတော့ ထူးထူးခြားခြားအပူချိန်မြင့်တက်မှုတွေ ဖြစ်နေတယ်။ တစ်ခြားဒေသတွေမှာလည်းတောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေပါတယ်။ တောမီးလောင်ကျွမ်းမှု အန္တရာယ် လိမ္မော်ရောင်အဆင့်ကိုလည်းအောက်တိုဘာလ ၃၁ ရက်နေ့အထိသတ်မှတ်ထားပါတယ်။ အခြေအနေပေါ် မူတည်ပြီးတော့ သတိပေးအဆင့်ကိုပြောင်းလဲသတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။”ဟုပြောကြားသွားခဲ့သည်။