တရုတ်နိုင်ငံတောင်ပိုင်းရှိ လင်းနို့ များ၌ ကိုရိုနာဗိုင်းရပ်နှင့်အလား တူသော ဗိုင်းရပ်ပိုးတစ်မျိုးတွေ့ရှိ ထားကြောင်း တရုတ်သုတေသန ပညာရှင်များ၏ အဆိုကိုကိုးကား၍ The Daily Mail သတင်းစာ က

နိုဝင်ဘာ ၂၇ ရက်က ရေးသား တင်ပြထားသည်။ Btsy-2  ဟူ၍ အမည်ပေးထားသော အဆိုပါဗိုင်းရပ်သည် ကိုဗစ် ရောဂါဖြစ်ပွားစေသည့် ကိုရိုနာဗိုင်း ရပ်နှင့်နီးစပ်မှုရှိပြီး လူသားများထံ ကူးစက်နိုင်ခြေများသည့် ဗိုင်းရပ် ငါးမျိုးထဲတွင်ပါဝင်ကြောင်း တရုတ်နိုင်ငံ ဆွန်ယက်ဆင်တက္ကသိုလ်မှ သုတေသန ပညာရှင်များက ပြောကြား သည်။ အဆိုပါ ဗိုင်းရပ်ကို တရုတ်သုတေသန ပညာရှင်များက ယူနန် ပြည်နယ်အတွင်းရှိ လင်းနို့များ၌ ရှာဖွေ တွေ့ရှိထားခြင်းဖြစ်သည်။ ထို့ပြင် ယူနန်ပြည်နယ်အတွင်းရှိ လင်းနို့များ၌ Btsy-2   အပါအဝင် လူသားများ သို့မဟုတ် မွေးမြူရေး တိရစ္ဆာန်များထံ ကူးစက်နိုင်ခြေရှိ သော ဗိုင်းရပ်ငါးမျိုးထိ တွေ့ရှိခဲ့ ကြောင်း သိရသည်။ Btsy-2   ဗိုင်းရပ်သည် ကိုရိုနာ ဗိုင်းရပ်များကဲ့သို့ပင် လူ့ဆဲလ်များ အတွင်း ဝင်ရောက်ရာတွင်အသုံးပြု နိုင်သော Spike Protein ခေါ် ပရိုတင်းဓာတ်တစ်မျိုးတွင် ပါဝင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။ သို့ဖြစ်ရာ Btsy-2  ဗိုင်းရပ်များသည် လူ့ဆဲလ်များအတွင်းဝင်ရောက်ရေးအတွက် ကိုရိုနာ ဗိုင်းရပ်များကဲ့သို့ပင် ACE-2  လက်ခံပရိုတင်းများကို အသုံးချနိုင်စွမ်း တစ်ချိန်ချိန်တွင် ရှိလာနိုင်သည်ဟု တရုတ် သုတေသန ပညာရှင်များက ပြော ကြားကြောင်း သိရသည်။