Print
Category: အခြားသတင်းများ
Hits: 147

ဟင်းသီးဟင်းရွက်ပါဝင်မှုများသည့် အစားအစာများ စားသုံးပါကအမျိုသားများ၌ အူမကြီးကင်ဆာ ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များ၏အဆိုကို ကိုးကား၍The Daily Mail

သတင်းစာကနိုဝင်ဘာ ၃ဝ ရက်က ရေးသားတင်ပြထားသည်။ တောင်ကိုရီးယားနိုင်ငံ ကျောင်ဟီးတက္ကသိုလ်မှ သုတေသနပညာရှင်များသည် အရွယ်ရောက်အမျိုးသား ၈ဝဝဝဝ ခန့်တို့၏ နှစ် ၂ဝကာလ ကျန်းမာရေး မှတ်တမ်းများကို လေ့လာစိစစ်ခဲ့ကြသည်။ လေ့လာချက် ရလဒ်များအရအစားအစာများ၌ ဟင်းသီးဟင်းရွက် အများဆုံးထည့်စားသူ အမျိုးသားများသည် အနည်းဆုံးစားသူအမျိုးသားများထက် အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်းပိုနည်းပါးသည်ကို တွေ့ရကြောင်းသုတေသန ပညာရှင်များကပြောကြားသည်။ သို့ရာတွင် ဟင်းသီးဟင်းရွက်စားသုံးမှုနှင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေတို့ကြား ဆက်စပ်မှုကို အမျိုးသမီးများတွင် မတွေ့ရကြောင်းသုတေသန ပညာရှင်များ၏ အဆိုအရသိရသည်။ အူမကြီးကင်ဆာ ရောဂါသည်တစ်ကမ္ဘာလုံး အတိုင်းအတာအရတတိယမြောက် အဖြစ်အများဆုံးကင်ဆာရောဂါဖြစ်သည်။သုတေသန ပညာရှင်များ၏ အဆိုအရ အမျိုးသား ၂၃ ဦးလျှင်တစ်ဦးနှုန်းနှင့် အမျိုးသမီး ၂၅ ဦးလျှင် တစ်ဦးနှုန်းတို့မှာ ဘဝတစ်ချိန်ချိန်တွင် အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ကြောင်း သိရသည်။