Print
Category: အခြားသတင်းများ
Hits: 216

အီသီယိုးပီးယားနိုင်ငံတွင် မိုးခေါင်ရေရှားပါးမှုဖြင့် ဆိုးရွားစွာရင်ဆိုင်နေရပြီး အငတ်ဘေးဒုက္ခဖြင့် ကြုံတွေ့လာရသည့်အတွက်ကျောင်းသား၊ ကျောင်းသူကလေးငယ်များ အတန်းပညာများဆက်လက်သင်ကြား ရန်

အခက်အခဲရှိလာကာ ပညာရေးအဆက်ပြတ်သည့်ကျောင်းသား၊ ကျောင်းသူဦးရေမြင့်တက်လျက်ရှိကြောင်း နယူးယောက်မြို့တွင် အခြေစိုက်သည့်ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ကထုတ်ပြန်ခဲ့ကြောင်း Africa News သတင်းဌာနက ယနေ့တွင် ရေးသားဖော်ပြခဲ့သည်။ လက်ရှိ အီသီယိုးပီးယားနိုင်ငံတွင် ပညာရေးအဆက်ပြတ်နေသည့်ကျောင်းသား၊ ကျောင်းသူ ၃ ဒသမ၁ သန်းထိရှိနေပြီး ယခုနှစ်အတွင်း မိုးခေါင်ရေရှားပါးမှု ပြဿနာကြောင့် ပညာရေးအဆက်ြပတ်သွားသည့် ကျောင်းသား၊ ကျောင်းသူ ၃ဒသမ ၆ သန်းထိ မြင့်တက်လာကြောင်း UNICEF က ထုတ်ပြန်ခဲ့သည်။ အီသီယိုးပီးယားနိုင်ငံ အာဏာပိုင်အဖွဲ့ အစည်းကလည်း မိုးခေါင်ရေရှားပါးမှုပြဿနာကြောင့် စားဝတ်နေရေးကျပ်တည်းကာ ကျောင်းထွက်လိုက်ရ သည့် ကျောင်းသား၊ ကျောင်းသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုမလုပ်ပေးနိုင်သည့်အတွက် နိုင်ငံတကာ၏ အကူအညီလိုအပ်နေကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအစီအစဉ်ဖြင့်အင်အားကြီး နိုင်ငံများထံသို့ လည်း UNICEF က အကူအညီတောင်းခံပေးထားကြောင်း သိရသည်။ မိုးခေါင်ရေရှားပါးမှုပြဿနာသည် မည်သည့်ကာလထိကြာမြင့်မည်ကို ခန့်မှန်းနိုင်ခြင်းမရှိသေးဘဲလက်ရှိရင်ဆိုင်နေရသည့် မိုးခေါင်ရေရှားပါး မှုပြဿနာသည် ဆယ်စုနှစ်လေးစုအတွင်း အဆိုးရွားဆုံးသော မိုးခေါင်ရေရှားပါးမှုအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်း UNICEF က ထုတ်ပြန်ခဲ့သည်။