Print
Category: အားကစားသတင်း
Hits: 76

အင်္ဂလန်နိုင်ငံ အခြေစိုက်အားကစားမီဒီယာ ကုမ္ပဏီတစ်ခုဖြစ်သည့်DAZNရုပ်သံလိုင်းသည်ယခုနှစ်ဘောလုံးရာသီတွင် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲများကို အင်္ဂလန်နိုင်ငံတွင်

ဘောလုံးရာသီ တစ်ရာသီပြသခွင့်ရရှိခဲ့ကြောင်းဒေးလီးမေးလ်သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ဆော်ဒီပရိုလိဂ်သည် ယခုအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း၃၅ဝ ထိအသုံးပြုခဲ့ပြီး အင်္ဂလန်ပရီးမီးယားလိဂ် ထိပ်သီးကလပ်များမှ ဟန်ဒါဆန်၊ ဖာမင်နို၊ ရူဘင်နီဗက်အပါအဝင် ကစားသမားအများအပြားခေါ်ယူခဲ့သည့်အပြင် အခြားဥရောပထိပ်သီးကလပ်အသင်းများမှလည်း တိုက်စစ်မှူးဘင်ဇီမားအပါအဝင် ခြေစွမ်းပြကစားသမားများကို ခေါ်ယူခဲ့သောကြောင့်DAZNရုပ်သံလိုင်းက အင်္ဂလန်မှ ဘောလုံးပရိသတ်များအတွက်ဆော်ဒီပရိုလိဂ်ပြိုင်ပွဲများထုတ်လွှင့်ခွင့်ရရှိရန်ကြိုးပမ်းခဲ့ရာ ဘောလုံးရာသီတစ်ရာသီစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ထုတ်လွှင့်ပြသခွင့်ရရှိခဲ့ခြင်းဖြစ်သည်။DAZNရုပ်သံလိုင်းအနေဖြင့်တစ်ပတ်လျှင် သုံးပွဲထိထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကာ တိုက်စစ်မှူးစီရော်နယ်ဒိုပါဝင်သည့် အယ်နာဆာအသင်းပွဲစဉ်ကို အဓိကထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲများမှ လာမည့်သောကြာနေ့တွင်စတင်မည့် အယ်အာလီအသင်းနှင့်အယ်ဟာဇ်အသင်းတို့ ပွဲစဉ်ကိုစတင်ထုတ်လွှင့်ပေးမည်ဖြစ်သည်။ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလက စီရော်နယ်ဒိုသည်ဆော်ဒီပရိုလိဂ်အယ်နာဆာအသင်းသို့ပြောင်းရွှေ့ခဲ့ပြီးနောက်SkySportရုပ်သံလိုင်းက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲများကို ရာသီဝက်ထုတ်လွှင့်ခွင့်ရယူနိုင်ခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီတွင် အင်္ဂလန်ဘောလုံးပရိသတ် များအတွက်ဆော်ဒီပရိုလိဂ်ပြိုင်ပွဲများ ပြသခွင့်ကိုDAZNရုပ်သံလိုင်းက တစ်ရာသီLive Sream ထုတ်လွှင့်ခွင့်ရရှိခဲ့ကြောင်း သိရသည်။