ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ယနေ့ညနေ ၅နာရီကရန်ကုန်မြို့

သုဝဏ္ဏအားကစားကွင်းတွင် မြန်မာအသင်းနှင့် နီပေါလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါပွဲစဉ်တွင် မြန်မာအသင်းက ကျော်ဇင်ဖြိုး၊ ဟိန်းဖြိုးဝင်း၊ရဲမင်းသူ၊ နန္ဒကျော်၊ လွင်မိုးအောင်၊သန်းပိုင်၊ အောင်သူ၊ မောင်မောင်လွင်၊ ဝေလင်းအောင်၊ ရန်နိုင်ဦးနှင့်ဟိန်းဇေယျာလင်း အစရှိသည့်အဓိက ကစားသမားအစုံအလင်ဖြင့်ပွဲထွက်လာခဲ့သည်။ အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက မြန်မာအသင်းက နီပေါလ်အသင်းကို ခြေစွမ်းပိုင်းအသာစီးဖြင့်ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်အချို့ရရှိခဲ့သော်လည်း တိုက်စစ်ကစားသမားများ အဆုံးသတ်ပိုင်းအားနည်းမှုများကြောင့် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့သလို နီပေါလ်အသင်းကလည်း မြန်မာအသင်းတိုက်စစ်ဆင်မှုများကို အကောင်းဆုးံထိန်းချုပ်ကစားနိုင်ခဲ့သည့်အတွက်ပွဲပြီးဆုံးချိန်တွင် နှစ်သင်းစလုံးဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲဂိုးမရှိသရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။ မြန်မာအသင်းနှင့် နီပေါလ်အသင်းတို့သည် ဒုတိယမြောက် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်( ဖီဖာ)အသိအမှတ်ပြုနိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် စက်တင်ဘာ ၁၁ ရက် ညနေ၅ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ထပ်မံယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်းသိရသည်။