Print
Category: အားကစားသတင်း
Hits: 60

လာလီဂါ အမှတ်ပေးပြိုင်ပွဲအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနှင့်ဗယ်လ်ကာနိုအသင်းတို့ ကစားခဲ့သည့်ပွဲစဉ်တွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သော်လည်း ကွင်းလယ်ကစားသမား

ဘယ်လင်ဟမ်အနေဖြင့် ပခုံးဒဏ်ရာရရှိခဲ့ကြောင်းရီးရဲလ်မက်ဒရစ်အသင်းက ထုတ်ပြန်ခဲ့သည်။ ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်ဘော်လွန်းဒီအော် ဆုပေးပွဲအခမ်းအနားတွင် တစ်နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆုရရှိခဲ့သည့်အတွက် အသင်းပရိသတ်များက ဗယ်လ်ကာနိုအသင်းနှင့်ပွဲစဉ်မတိုင်မီ ၄င်းအတွက်အောင်ပွဲခံအခမ်းအနားပြုလုပ်ပေးခဲ့ပြီး အသင်းနှင့်အတူပွဲထွက်ကစားခဲ့ရာ ပြိုင်ပွဲအတွင်း ပခုံးဒဏ်ရာရရှိခဲ့သော်လည်း ပွဲချိန်ပြည့်ကစားပေးခဲ့ကြောင်း သိရသည်။ နည်းပြ အန်ဆယ်လော့တီကဘယ်လင်ဟမ်အနေနဲ့ ပြိုင်ပွဲတွင်းပခုံးဒဏ်ရာရခဲ့ပေမဲ့ ပွဲချိန်ပြည့်ကစားပေးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ သူ့ဒဏ်ရာအခြေအနေကပြင်းထန်တယ်လို့ ယူဆရပါတယ်။ လက်ရှိမှာတော့ လိုအပ်တဲ့စကန်ဖတ်စစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် အတိအကျပြောလို့မရပါဘူး။ ကျွန်တော်ကတော့ လာမဲ့ဘရာဂါအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာပါဝင်နိုင်မယ်လို့မျှော်လင့်ပါတယ်ဟု ပြောကြားခဲ့သည်။ဘယ်လင်ဟမ်သည် ယခုနှစ်ဘောလုံးရာသီ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝအစတွင် ပြိုင်ပွဲစုံ၁၃ ပွဲပါဝင်ကစားခဲ့ရာတွင် သွင်းဂိုး၁၃ ဂိုးထိ သွင်းယူနိုင်ခဲ့သူဖြစ်ပြီးအမှတ်ပေးပြိုင်ပွဲတွင်လည်း သွင်းဂိုး၁ဝ ဂိုးထိသွင်းယူနိုင်ခဲ့သောကြောင့်မှတ်တမ်းကောင်းများ ပိုင်ဆိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။