Print
Category: အားကစားသတင်း
Hits: 106

ယနေ့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စု (G) နောက်ဆုံး ပွဲစဉ်တွင် မန်စီးတီးအသင်းနှင့် ဆီဗီလာအသင်းတို့ ကစားခဲ့ရာ မန်စီးတီးအသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့သည့် လူငယ်ခံစစ် ကစားသမား လူးဝစ်အနေဖြင့်

ပထမဆုံးပါဝင်သည့် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် အသက်အငယ်ဆုံး ဂိုးသွင်း ယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း Fotmob.com က ယနေ့တွင် ဖော်ပြခဲ့သည်။ယခင်က ချန်ပီယံလိဂ်ပြိုင်ပွဲ တွင် ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဘင်ဇီးမားက ၂ဝဝ၅ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လိုင်ယွန်အသင်းအတွက် ပထမဆုံး ပါဝင်၍ အသက်အငယ်ဆုံးဂိုးသွင်း ယူနိုင်သူအဖြစ် ရပ်တည်နိုင်ခဲ့သော် လည်း လက်ရှိတွင် ဆီဗီလာအသင်း ကို အဖွင့်ဂိုးသွင်းယူပေးခဲ့သည့် မန်စီးတီးအသင်း လူငယ်ခံစစ်ကစား သမား လူးဝစ်က အသက် ၁၇ နှစ် ၃၄၇ ရက်သာ ရှိသေးသည့်အတွက် ဘင်ဇီးမား၏စံချိန်ကို ကျော်ဖြတ် ကာ မှတ်တမ်းကောင်းတစ်ရပ်ကို ရရှိခဲ့သည်။အဆိုပါပွဲစဉ်တွင် လူငယ် ကစားသမား လူးဝစ်သည် ညာတောင်ပံ ခံစစ်ပိုင်းတွင် ပွဲထွက် ခွင့်ရရှိခဲ့ရာ မန်စီးတီးအသင်းအနေ ဖြင့် ပထမပိုင်းတွင် တစ်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော် လည်း ဒုတိယပိုင်းတွင် တိုက်စစ်မြှင့်တင်လာခဲ့ရာ ပွဲကစား ချိန် ၅၂ မိနစ်အရောက်တွင် တိုက် စစ်မှူး အဲဗာရက်ဇ်၏ ဖန်တီးပေးမှု မှ လူငယ်ကစားသမား လူးဝစ်က ချေပဂိုးသွင်းယူနိုင်ခဲ့သဖြင့် ပထမ ဆုံးပါဝင်ခဲ့ သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။