ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ကစားခဲ့သည့် ရှက်တာ ဒိုးနက်အသင်းနှင့် လိုက်ပ်ဇစ် အသင်းတို့ ပွဲစဉ်တွင် လိုက်ပ်ဇစ် အသင်းက လေးဂိုး ဂိုးမရှိဖြင့် အနိုင်ယူ၍ နောက်တစ်ဆင့် တက် ရောက်နိုင်ခဲ့သော်လည်း တိုက်စစ်မှူး တီမိုဝါနာအနေဖြင့်

ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့ကာ လာမည့်ဒီဇင်ဘာ လကုန်ထိ အနားယူရ မည်ဖြစ်သောကြောင့် ဂျာမနီအသင်းနှင့် ကစားရမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော် မည်ဟု လိုက်ပ်ဇစ် အသင်းက ထုတ်ပြန်ခဲ့ကြောင်း Fotmob.com က ယနေ့တွင် ဖော်ပြခဲ့သည်။ တီမိုဝါနာသည် ရှက်တာဒိုးနက် အသင်းနှင့် ပွဲစဉ်တွင် ပွဲကစားချိန် ၁ဝ မိနစ်၌ အသင်းအတွက် ဦးဆောင်ဂိုးရရှိရန် ဂိုးဖန်တီးမှုပြု လုပ်ခဲ့ပြီးနောက် ပွဲချိန် ၁၉ မိနစ် အရောက်တွင် ရှက်တာဒိုးနက် ကစားသမား တားရက်စ်နှင့်ထိခိုက် မိရာ ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့၍ အသင်းဖော် ဖော့စ်ဘက်နှင့် လူစားလဲထွက်ခွာခဲ့ရပြီး ၄င်း၏ ဒဏ်ရာကို စကန်ဖတ်စစ်ဆေးခဲ့ရာ အရွတ်ထိခိုက်ခဲ့သဖြင့် လာမည့် ဒီဇင်ဘာလကုန်ထိ အနားယူရမည် ဖြစ်သောကြောင့် ကလပ်အသင်း၏ ပွဲစဉ်များအပါအဝင် ဂျာမနီအသင်း နှင့်ကစားရမည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကိုပါ လွဲချော်မည်ဖြစ်သည်။ လိုက်ပ်ဇစ် အသင်း ဆေးအဖွဲ့က ဝါနာအနေနဲ့ရှက်တာဒိုးနက်နဲ့ ပွဲစဉ်မှာ ဘယ်ဘက် ခြေချင်းဝတ် ဒဏ်ရာရခဲ့ပါတယ်။ သူ့ဒဏ်ရာကို ဒီနေ့မှာ စကန်ဖတ်စစ်ဆေးကြည့်တော့ ကံမကောင်းစွာနဲ့ပဲ အရွတ် ထိခိုက်သွားတာပါ။ ဒါကြောင့် ဒီနှစ်ကုန်ထိ အနားယူရမှာဖြစ်ပါ တယ် ဟု ပြောကြားခဲ့သည်။တိုက်စစ်မှူး တီမိုဝါနာသည် ပြီးခဲ့သည့် သြဂုတ်လက ချဲလ်ဆီး အသင်းမှ လိုက်ပ်ဇစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၁၆ ပွဲတွင် သွင်းဂိုး ကိုးဂိုးထိ သွင်းယူ၍ ပုံစံကောင်း ပြသနိုင်ခဲ့သော်လည်း ဒဏ်ရာပြဿနာကြောင့် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်နိုင် တော့မည် မဟုတ်ကြောင်း သိရသည်။