Print
Category: အားကစားသတင်း
Hits: 144

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က ကွင်းလယ်ဒိုင်လူကြီး ကို မန်ယူအသင်းကစားသမားများ က ဝိုင်းဝန်းစောဒကတက်ခဲ့သည့် အတွက် ကစားသမားများကို ထိန်းသိမ်းမှုအားနည်းသည့်ပြစ်ချက် ဖြင့် မန်ယူ အသင်းကို စတာလင်ပေါင် ၈၂ဝဝဝ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု

မန်ချက်စတာညနေခင်း သတင်းစာက ယနေ့တွင် ဖော်ပြ ခဲ့သည်။ မန်ယူအသင်း ကစားသမား များသည် နယူးကာဆယ်အသင်းနှင့် ဂိုးမရှိ သရေလဒ်ထွက်ပေါ်ခဲ့ သည့် ပွဲစဉ်တွင် နယူးကာဆယ်အသင်း ဂိုးသမားထံမှ စီရော်နယ်ဒို ဘောလုံးဖြတ်ယူပြီး သွင်းယူခဲ့သည့် သွင်းဂိုးကို ကွင်းလယ်ဒိုင်လူကြီး ပေါလ်ဆန်က ခွင့်မပြုခဲ့သည့် အတွက် ကစားသမားများက ကွင်းလယ် ဒိုင်လူကြီး ပေါလ်ဆန်ကို ဝိုင်းဝန်း၍ စောဒကတက်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ချဲလ်ဆီးအသင်းနှင့် တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ သည့်ပွဲစဉ်တွင်လည်း မန်ယူအသင်း ကွင်းလယ်ကစားသမား တွမ်မီနေးလ် သည် ချဲလ်ဆီးအသင်း တိုက်စစ် ကစားသမား ဘရိုဂျာကို ပင်နယ်တီ ဧရိယာအတွင်း ဆွဲလှဲခဲ့သည့် အတွက် ကွင်းလယ်ဒိုင်လူကြီး အက်ဝဲလ်က ပင်နယ်တီသတ်မှတ် ပေးခဲ့သည့်အတွက် ကွင်းလယ် ဒိုင်လူကြီး အက်ဝဲလ်ကို မန်ယူ အသင်း ကစားသမားများက ဝိုင်းဝန်း စောဒကတက်ခဲ့မှုတို့ ကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် က ကစားသမားများကို ထိန်းသိမ်းမှု အားနည်းသည့်အချက်ဖြင့် စွဲချက် တင်ခဲ့ခြင်းဖြစ်သည်။ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က မန်ယူအသင်းကို စွဲချက်တင် စစ်ဆေးခဲ့ပြီးနောက် နယူးကာဆယ်အသင်းနှင့် ပွဲစဉ် အတွက် စတာလင်ပေါင် ၄၂ဝဝဝ နှင့် ချဲလ်ဆီးအသင်းနှင့်ပွဲစဉ်မှဖြစ်ရပ်အတွက် စတာလင်ပေါင် ၄ဝဝဝဝ စုစုပေါင်း စတာလင်ပေါင် ၈၂ဝဝဝ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။