Print
Category: အားကစားသတင်း
Hits: 112

ယနေ့ ယှဉ်ပြိုင်ခဲ့သည့် ကွာရာဘောင်းဖလားတတိယအဆင့် ပွဲစဉ်အပြီးတွင် မဲခွဲပွဲပြုလုပ်ခဲ့ရာ လက်ရှိချန်ပီယံ လီဗာပူးအသင်းက မန်စီးတီးအသင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း 90Min.com က

ယနေ့တွင် ဖော်ပြခဲ့သည်။ လီဗာပူးအသင်းသည် တတိယအဆင့်တွင် အင်္ဂလန်လိဂ်ဝမ်းကလပ်ဒါဘီအသင်းနှင့် တွေဆုံခဲ့သော်လည်း ပွဲကစားချိန်အတွင်း ဂိုးသွင်းယူနိုင်ခြင်းမရှိသဖြင့် ပင်နယ်တီအဆုံးအဖြတ်ခံယူ၍စတုတ္ထ အဆင့်သို့ တက်ရောက်နိုင်ခဲ့သကဲ့သို့မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရာ ကစားကွက်ပိုင်းအသာဖြင့် နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့သဖြင့် နောက်တစ်ဆင့်တက် ရောက်နိုင်ခဲ့ပြီး စတုတ္ထအဆင့်တွင် လီဗာပူးအသင်းကိုအဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ် သည်။တတိယအဆင့်တွင် အေဗီလာကို အိမ်ကွင်းတွင် လေးဂိုးနှစ်ဂိုးဖြင့်အနိုင်ရခဲ့သည့် မန်ယူအသင်းက ဘန်လေအသင်းနှင့်လည်းကောင်း၊ပဲလေ့စ်ကို အနိုင်ရခဲ့သည့် နယူးကာဆယ်အသင်းက ဘုန်းမောက်အသင်းနှင့် လည်းကောင်း၊ ဝက်စ်ဟမ်းအသင်းကို ပင်နယ်တီဖြင့် အနိုင်ရခဲ့သည့် ဘလက်ဘန်းအသင်းက စပါးအသင်းကို အနိုင်ရခဲ့သည့် နော်တင်ဟမ်နှင့်လည်းကောင်း၊ ရှက်ဖီးလ် (W)ကို အနိုင်ရခဲ့သည့် ဆောက်သမ်တန်က လင်ကွန်းအသင်းနှင့်လည်းကောင်း၊ ဝုဗ်အသင်းကဂျီလင်အသင်းတို့နှင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ စတုတ္ထအဆင့် မဲခွဲမှုအပြီးတွင်ပရီးမီးယားလိဂ် အသင်းကြီးသုံးသင်းသာ ကျန်တော့သည့်အချိန်၌ မန်စီးတီး အသင်းနှင့် လီဗာပူးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီးမန်ယူအသင်းသာ ပွဲစဉ်ချောင်၍ဗိုလ်လုပွဲထိ တက်ရောက်နိုင်ရန်အခွင့်အရေးရှိနေသကဲ့သို့ စတုတ္ထအဆင့်ပွဲစဉ်များကို ကမ္ဘာ့ဖလားပြီးဆုံးချိန် လာမည့် ဒီဇင်ဘာ၂၁ရက်တွင်ပြန်လည်ကျင်းပမည်ဖြစ်သည်။