Print
Category: အားကစားသတင်း
Hits: 127

ယနေ့ ယှဉ်ပြိုင်ကစားခဲ့သည့် ကာတာအသင်းနှင့် ဆီနီဂေါအသင်းတို့၏ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွင် ကာတာ အသင်းက သုံးဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရကြောင်း AP News  က ဖော်ပြခဲ့သည်။

အိမ်ရှင် ကာတာအသင်းသည် အဖွင့်ပွဲစဉ်တွင် အီကွေဒေါသင်းနှင့် တွေ့ဆုံခဲ့သော်လည်း နှစ်ဂိုး ဂိုးမရှိ ဖြင့် ရှုံးနိမ့်ခဲ့သည့်အပြင် ယခုအုပ်စု ဒုတိယပွဲစဉ်တွင်လည်း ဆီနီဂေါ အသင်းကို သုံးဂိုးတစ်ဂိုးဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့သည့်အတွက် နှစ်ပွဲကစားပြီး ရမှတ်မရရှိသေးသောကြောင့် လက်ကျန်တစ်ပွဲကစားရန် ကျန်ရှိနေချိန် တွင် အုပ်စုမှ ထွက်ခွာခဲ့ရကြောင်း သိရသည်။ အုပ်စု (A) ဒုတိယပွဲစဉ်ကစား အပြီးတွင် နယ်သာလန်က ရမှတ် လေးမှတ်ဖြင့် အုပ်စုပထမ၊ အီကွေ ဒေါအသင်းက ရမှတ်လေးမှတ်ဖြင့် အုပ်စုဒုတိယ၊ ဆီနီဂေါ အသင်းက ရမှတ်သုံးမှတ်ဖြင့် အုပ်စုတတိယနေရာတွင် ရပ်တည် နေသော်လည်း အိမ်ရှင်ကာတာ အသင်းမှာ ရမှတ် မရရှိသေးဘဲ ပေးဂိုး ငါးဂိုးထိ ရှိခဲ့သောကြောင့် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် ကာတာ အသင်းသည် ယခုကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ၁၂ နှစ်ထိ အချိန်ယူ ပြင်ဆင်ခဲ့ သော်လည်း ပုံစံကောင်းရရှိရန် ရုန်းကန်ခဲ့ရပြီး အုပ်စုပွဲစဉ် နှစ်ပွဲ ကစားခဲ့ရာတွင် နှစ်ပွဲစလုံးဂိုးပြတ် ရှုံးနိမ့်ခဲ့သောကြောင့် ကမ္ဘာ့ဖလား ကျင်းပခဲ့သည့် ၉၂ နှစ်အတွင်း ခြေစွမ်းပိုင်းအဆိုးရွားဆုံး အိမ်ရှင် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။