မန္တလေးတိုင်းဒေသကြီးအတွင်း ထောပတ်စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများကို ဘက်စုံပိုးမွှား ထိန်းချုပ်ရေးနှင့် ပိုးသတ် ဆေးများအကြောင်း သင်တန်းပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ် သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ

အသင်း(ပြင်ဦးလွင်မြို့)မှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်က ပြောပြသည်။ အဆိုပါသင်တန်းကို ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သီးနှံကာကွယ် ရေးဌာနနှင့် ပူးပေါင်း၍ ယခုနိုဝင်ဘာလ အတွင်း ထောပတ်သီးစိုက်ပျိုးသည့်ဒေသ များမှ တောင်သူများကို ဘက်စုံပိုးမွှား ထိန်းချုပ်ရေး၊ ပိုးသတ်ဆေးထိန်းချုပ်သုံးစွဲရေး၊ တားမြစ်ထားသည့် ပိုးသတ်ဆေးများ အကြောင်းနှင့် သုံးစွဲနိုင်သည့် ပိုးသတ်ဆေးများအကြောင်းကို သိရှိနားလည်စေရေး အတွက် ဆွေးနွေးပို့ချကာ သင်တန်းပေး သွား မည်ဖြစ်ကြောင်းသိရသည်။ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနအောက်ရှိ သီးနှံကာကွယ်ရေးဌာနနဲ့ ကျွန်တော်တို့အသင်း ပူးပေါင်းဆောင်ရွက် သွားမှာပါ။ ပိုးသတ်ဆေးအကြောင်း စိုက် ပျိုးရေးတောင်သူတွေ သိရှိစေဖို့ သင်တန်း ပေးသွားမှာပါ။ သင်တန်းပို့ချသွားတဲ့အခါ မှာ ဘယ်ပိုးမွှားကို ဘယ်လိုပိုးသတ်ဆေး သုံးစွဲမယ်၊ ဘယ်လိုနှိမ်နင်းရမယ်ဆိုတာကို သင်တန်းပေးသွားမှာပါ။ သင်တန်းကိုတော့ ကိုဗစ်စည်းကမ်းချက် တွေနဲ့အညီပို့ချသွား မှာပါ။ ထောပတ်စိုက်တောင်သူတွေကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့တွေနဲ့လဲ နည်း ပညာရပ်တွေကို ဆွေးနွေးသွားမှာ ဖြစ်ပါ တယ်ဟု ၄င်းက ပြောပြ၍ သိရသည်။အဆိုပါ ပိုးသတ်ဆေးသုံးစွဲနည်း သင်တန်းကို ထောပတ်စိုက်ပျိုးသည့်ဒေသ များဖြစ်သော ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ် မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် နောင်ချိုဒေသများမှ စိတ်ဝင်စားသည့် တောင်သူများကို ဖိတ်ခေါ်ပြီး ပို့ချပေး သွားမည်ဖြစ် ကြောင်း၊ လက်ရှိထောပတ် သီးစိုက်ဧက ၂ဝဝဝဝ ခန့်ရှိပြီး ထောပတ် စိုက်ပျိုးသည့် တောင်သူဦးရေ ၆ဝဝဝ ကျော်ရှိကြောင်း သိရသည်။