ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လထိ ကုန်သေတ္တာတင်သင်္ဘော ၄၂၈ စီး ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ထိုသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ ကုန်သေတ္တာတင်သင်္ဘောများ ဝင်ရောက်ခဲ့ရာ ယခုနှစ် ဇန်နဝါရီလက ကုန်သေတ္တာတင်သင်္ဘော ၅၂ စီး၊ဖေဖော်ဝါရီလတွင် ကုန်သေတ္တာတင်သင်္ဘော ၅၁ စီး၊ မတ်လတွင်ကုန်သေတ္တာတင်သင်္ဘော ၅၅ စီး၊ဧပြီလတွင် ကုန်သေတ္တာတင်သင်္ဘော အစီးရေ ၅ဝ၊ မေလတွင်ကုန်သေတ္တာတင်သင်္ဘော ၅၆ စီး၊ဇွန်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၇ စီး၊ ဇူလိုင်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၃ စီး၊သြဂုတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၄ စီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှအထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်ထံမှသိရသည်။ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွေကို နိုင်ငံတကာသင်္ဘောလိုင်းတွေက ကုန်သေတ္တာတင် သင်္ဘောတွေဝင်ရောက်မှုကတော့ ဒီနှစ် ဇန်နဝါရီလကနေသြဂုတ်လထိ ၄၂၈ စီး ဖြစ်ပါတယ်။နိုင်ငံတကာ ကုန်တင်သင်္ဘောလိုင်းပေါင်း ၂ဝ က ကုန်သေတ္တာတင်သင်္ဘောတွေဖြစ်ပါတယ်။ အခုစက်တင်ဘာလမှာလဲ ကုန်တင်သင်္ဘောလိုင်း ၁၅ လိုင်းကနေကုန်သေတ္တာတင်သင်္ဘော ၅၃ စီးဝင်ရောက်လာအုံးမှာဖြစ်ပါတယ်ဟု ဦးဇော်ထွန်းလွင်က ပြောပြသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ ၂ဝ၂၁ ခုနှစ်မေလမှစတင်၍ နိုင်ငံတကာ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်သင်္ဘောများ ပိုမိုဝင်ရောက်ခဲ့ကာကုန်သေတ္တာ ၁၁ဝဝဝ ကျော်နှင့်အထွေထွေကုန်စည်မက်ထရစ်တန်၁၁၅ဝဝဝ ပိုမိုကိုင်တွယ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။