မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၅ မြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၂၅ဝဝ အတွက် ငွေကျပ်သိန်း ၃၇ဝဝ ကျော်ကို နိုဝင်ဘာလအတွင်း ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ

သိရသည်။မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲအနေဖြင့် ဆောင်းနေကြာ စိုက်ပျိုးသည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ် ချေးပေးရာတွင် မြို့နယ် ၁၅ မြို့ နယ်ရှိ ဆောင်းနေကြာစိုက်ဧက ၂၅ဝဝ အတွက် ငွေကျပ် သိန်း ၃၇ဝဝ ကျော်ကို ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း၊ တောင်သူ များ၏ စိုက်ပျိုးသီးနှံများ အောင် မြင်ဖြစ်ထွန်းပြီး မျိုးကောင်းမျိုး သန့်များ ရရှိစေရန်အတွက် တစ် ဖက်တစ်လမ်းက ပံ့ပိုးကူညီဆောင် ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။ ဆောင်းနေကြာ စိုက်တောင်သူတွေကို ဆက်စပ်ဌာနတွေရဲ့ ထောက်ခံချက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ နိုဝင်ဘာတစ်လ အတွက် ချေးငွေတွေကို ချေးပေးသွားမှာပါ။ ဒေသတွင်း စားသုံးဆီ ဖူလုံစေဖို့အတွက်နဲ့ ဧရိယာတွေ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ဖို့ အတွက် ဆောင်ရွက်ပေးတာပါ။ ဒီလထဲမှာ မြို့နယ် ၁၅ မြို့နယ်က တောင်သူတွေကို ချေးပေးသွားမှာပါ။ စိုက်ပျိုးချိန်မှာ တောင်သူတွေ အဆင်ပြေစေဖို့အတွက် တစ်ဖက် တစ်လမ်းကနေ ပူးပေါင်းပြီး ကူညီ ဆောင်ရွက်ပေးနေတာပါဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်း မန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောပြသည်။ ထိုသို့ချေးပေးရာတွင် ဆောင်း နေကြာတစ်ဧကလျှင် ငွေကျပ် ၁၅ဝဝဝဝ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊ ထုတ်ချေးပေးမည့် မြို့နယ်များမှာ ချမ်းအေးသာစံ၊ အမရပူရ၊ ကျောက်ဆည်၊ ပုသိမ်ကြီး၊ မတ္တရာ၊ စဥ့်ကူး၊ စဥ့်ကိုင်၊ တံတားဦး၊ မြစ်သား၊ ရမည်းသင်း၊ သာစည်၊ မြင်းခြံ၊ နွားထိုးကြီး၊ ငါန်း ဇွန်၊ ကျောက်ပန်းတောင်းမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။