မန္တလေး ချော်ဆိပ်ကမ်းမှ ရွှေကူ၊ ကသာ၊ ဗန်းမော်ဘက်သို့ လိုက်ပါစီးနင်းသည့် ခရီးသွားဦးရေ နိုဝင်ဘာ ၂၂ ရက်မှစ၍ များပြား လာကြောင်း မန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောပြ၍ သိရသည်။

ဧရာဝတီမြစ်အတွင်း မန္တလေးမြို့မှ ကုန်ကြမ်းနှင့် ကုန်ချောများ တင်ပို့ရာတွင် ရွှေကြက်ယက်ဆိပ် ကမ်း၊ ဂေါဝိန်ဆိပ်ကမ်း၊ မရမ်းခြံ ဆိပ်ကမ်းနှင့် ချော်ဆိပ်ကမ်း တို့မှ တင်ပို့လျက်ရှိပြီး ချော်ဆိပ်ကမ်းမှာ ခရီးသည်နှင့် ကုန်စည်တင်ပို့မှု အများဆုံး ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း၊ ယခုလက်ရှိ ချော်ဆိပ် ကမ်းမှ ရွှေကူ၊ ကသာ၊ ဗန်းမော် ဘက်သို့ ခရီးသည်လိုက်ပါစီးနင်းမှု များပြားလာကြောင်း သိရသည်။ချော်ဆိပ်ကမ်းကနေ နိုဝင် ဘာလ ပထမပတ်လောက်ထိ ခရီးသည်လိုက်ပါစီးနင်းမှုက သိပ် မရှိပါဘူး။ အခုက မန္တလေးကနေ ရွှေကူ၊ ကသာ၊ ဗန်းမော်ဘက်ကို သွားလာနေတဲ့ ခရီးသည်တွေက ကုန်သည်တွေများတယ်။ ဆန်ကုန် သည်တွေ၊ ဆီကုန်သည်တွေ၊ ကြက်သွန်ကုန်သည်တွေက ချော်ဆိပ် ကမ်းကနေ ရွှေကူ၊ ကသာ၊ ဗန်းမော် ဘက်ကိုလိုက်ပါစီးနင်းမှု အရင်က ထက်ပိုပြီးများလာတယ်။ ချော်ဆိပ် ကမ်းတစ်ခုတည်းမှာ အခုလတ်တလော ကုန်စည်ရရှိမှုများလာတာကြောင့် ကုန်တင်၊ ကုန်ချလုပ်သား အယောက် ၃ဝဝ ကျော်လောက်ထိ လုပ်ငန်းလုပ်ကိုင်နေပါတယ်။ ကုန် စည်တွေထဲမှာတော့ လတ်တလော ကြက်သွန်နီ၊ ဆန်နဲ့ကုလားပဲ စတဲ့ ကုန်စည်တွေ တင်ပို့မှုအားကောင်း နေပါတယ် ဟု ဦးဝင်းမောင်က ပြောပြသည်။ ချော်ဆိပ်ကမ်းမှ နိုဝင်ဘာလ ပထမပတ်လောက်ထိ ရွှေကူ၊ ကသာ၊ ဗန်းမော်ဘက်သို့ လိုက် ပါစီးနင်းသည့် ခရီးသွားဦးရေမှာ တစ်ရက်လျှင် ဦးရေ ၅ဝ ကျော် သာရှိကြောင်း၊ နိုဝင်ဘာ ၂၂ ရက် မှစ၍ ၄င်းဆိပ်ကမ်းမှ လိုက်ပါ စီးနင်းသည့် ခရီးသွားဦးရေ ၂ဝဝ ကျော်ထိရှိလာကြောင်း သိရသည်။ ချော်ဆိပ်ကမ်း တွင်ခရီးသည် လိုက်ပါစီးနင်းသည့်သင်္ဘောအပါအဝင် ကုန်တင်သင်္ဘောအစီးရေ စုစုပေါင်း ၁၅ဝ ကျော်ဖြင့် ပြေးဆွဲ ပေးလျက်ရှိကြောင်း ၄င်းက ဆက်လက်ပြောပြ၍ သိရသည်။