ပြည်ပရှိ မြန်မာအမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင် များသို့ မြန်မာပန်းပုလက်ရာ စွယ်စုံ ဆင်ရုပ်တုများ တင်ပို့ပေးနေ ရကြောင်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ မြန်မာမဏ္ဍိုင် အမှတ်တရလက်ဆောင် ပစ္စည်းအရောင်းစင်တာ

မန်နေးဂျင်း ဒါရိုက်တာ ဦးမောင်မောင်အေးက ပြောပြ၍ သိရသည်။ပြည်ပတွင် မြန်မာနိုင်ငံသား များ ဖွင့်လှစ်ထားသည့် မြန်မာ အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းဆိုင်များရှိကြောင်း၊ အဆိုပါ အရောင်းဆိုင်များက မြန်မာအမှတ် တရလက်ဆောင်ပစ္စည်းများကို မှာယူလေ့ရှိပြီး ယခု နိုဝင်ဘာလ တတိယပတ်တွင် စွယ်စုံဆင်ရုပ်တု များကို အဓိကမှာယူလျက်ရှိသည့် အတွက် ရခိုင်ပြည်နယ်ရှိ နယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တင်ပို့ပေးနေရကြောင်း သိရသည်။ပြည်ပမှာရှိတဲ့ မြန်မာအမှတ် တရလက်ဆောင်ပစ္စည်းအရောင်း ဆိုင်တွေကို နယ်စပ်ကုန်သွယ်ရေး စခန်းကနေ ပို့ရတာရှိပါ တယ်။ သူတို့အဓိကမှာတာကတော့ ပန်းပု ရုပ်ကလေးတွေ၊ ယွန်းထည်ကလေးတွေနဲ့ ပန်းချီကားတွေဖြစ်ပါ တယ်။ ဒီလထဲမှာတော့ အလျား ၁၁ လက်မ၊ အမြင့် ၁၆ လက်မ (နှာမောင်းထိပ်ဖျားထိ)၊ ဒု ခုနစ် လက်မရှိတဲ့ စွယ်စုံဆင်ရုပ်တုတွေကို မှာတာဖြစ်ပါတယ်။ အသားကတော့ ပိတောက်သား၊ ယမနေသား ဖြစ်ပါတယ်။ အရုပ် ၂၅ဝ တင်ပို့ ရမှာဖြစ်ပါတယ်။ ပြည်တွင်းရောင်း ဈေးကတော့ ရုပ်တုတစ်ရုပ်ကို ငွေကျပ် ၈ဝဝဝဝ ကျသင့်မှာဖြစ် ပါတယ်ဟု ဦးမောင်မောင်အေးက ပြောပြ၍ သိရသည်။