မန္တလေးတိုင်းဒေသကြီး အမရ ပူရမြို့နယ်ရှိ မန္တလေးစွယ်တော် မြတ်စေတီတော်ကြီး၏ ၂၇ ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း မန္တလေး စွယ်တော်မြတ်စေတီတော် ဂေါပက အဖွဲ့အုပ်ချုပ်ရေးမှူး ဦးသန်းဇော်က

ပြောပြသည်။ အဆိုပါ ဗုဒ္ဓပူဇနိယပူဇော်ပွဲကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုနှင့် မန္တလေးစွယ် တော်မြတ်စေတီတော်ဂေါပကအဖွဲ့က မန္တလေးစွယ်တော်မြတ်စေတီ တော်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်နှင့် နိုဝင်ဘာ ၂၆ ရက်တို့တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ မန္တလေးစွယ်တော်မြတ်စေတီ တော်ရဲ့ ၂၇ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်မှာ မန္တလေးမြို့ပေါ် ရှိ ဆရာတော်၊ သံဃာတော် ၄၅ ပါးကို ပင့်ဖိတ်ပြီး သံဃာ့ဒါန ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ထည့်သွင်းကျင်းပသွားမှာဖြစ်ပါ တယ်။ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းမှာ အစဉ်အလာအရ ရွှေကြာသင်္ကန်း ရက်လုပ်လှူဒါန်းပွဲကိုလဲ ပြုလုပ် ပါမယ်။ ဒါ့ပြင် ဆီမီး ၉ဝဝဝ နဲ့ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲပါပြုလုပ်မှာပါ။ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်း မှာ ဗုဒ္ဓါဘိသေက အနေကဇာတင် လှူပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ဆရာတော်၊ သံဃာတော်တွေကို ဆွမ်းကပ် လှူဒါန်းပွဲ ပြုလုပ်သွားမှာ ပါဟု မန္တလေး စွယ်တော်မြတ် စေတီတော်ဂေါပကအဖွဲ့ အုပ်ချုပ် ရေးမှူး ဦးသန်းဇော်ကပြောပြသည်။ အဆိုပါ ရွှေကြာသင်္ကန်းကို စွယ်တော်မြတ်စေတီတော် ဘုရား ရင်ပြင်တော်ပေါ် တွင် တောင်ဘက်၊ မြောက်ဘက် မဏ္ဍပ်နှစ်ခုထိုးပြီး မြောက်ဘက်မဏ္ဍပ်တွင် ရက်ကန်း စင် လေးစင်၊ တောင်ဘက်မဏ္ဍပ် တွင် ရက်ကန်းစင် ငါးစင်ပြုလုပ်ကာ အမရပူရမြို့နယ် ရေကြည်ပေါက် ရက်ကန်း အဖွဲ့ကဦးဆောင်၍ ရက်လုပ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။