ပွင့်လင်းရာသီကာလတွင် မန္တလေး မရမ်းခြံဆိပ်ကမ်းမှ ပုဂံသို့ သင်္ဘောဖြင့် သွားရောက်သည့် ခရီးသည် များပြားလာကြောင်း မန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိက ရေယာဉ်များ စည်းကမ်းထိန်းသိမ်း ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင် က ပြောပြ၍

သိရသည်။ယခုအခါ ဧရာဝတီမြစ်အတွင်း မြစ်ရေကျဆင်းလျက်ရှိသော်လည်း မြစ်အတွင်း ကုန်စည်တင်ပို့သည့် ကုန်တင်သင်္ဘောများအပါအဝင် ခရီးသည်တင်ဆောင်ပြေးဆွဲပေး နေသည့် ခရီးသည်တင်သင်္ဘောများ ပါ အဆင်ပြေစွာ သွားလာလျက်ရှိ ကြောင်း၊ လက်ရှိတွင် မရမ်းခြံ ဆိပ်ကမ်းမှ ပုဂံသို့ သင်္ဘောဖြင့် သွားရောက်သည့်ခရီးသည် များပြား လာကြောင်း သိရသည်။အခုက ခရီးသွားရာသီဆို တော့ မရမ်းခြံဆိပ်ကမ်းကနေ ပုဂံ ဘက်ကို သွားပြီးလည်ပတ်မဲ့ခရီး သွားတွေ ပြန်ပြီးများပြားလာပါ တယ်။ အရင်ကတော့ ပုဂံဘက်ကို သွားမဲ့ခရီးသည် အနည်းငယ် လောက်ပဲရှိတယ်ဟု ဦးဝင်းမောင် က ပြောပြသည်။ မရမ်းခြံဆိပ်ကမ်းမှ ပုဂံဘက် သို့ သင်္ဘောဖြင့် လိုက်ပါစီးနင်းသည့် ခရီးသည်မှာ နိုဝင်ဘာလ ပထမ ပတ်က တစ်ရက်လျှင် ဦးရေ ၃ဝ ကျော်သာရှိကြောင်း၊ နိုဝင်ဘာလ ဒုတိယပတ်မှစ၍ မရမ်းခြံဆိပ်ကမ်း မှ ပုဂံသို့ လိုက်ပါစီးနင်းသည့် ခရီးသည်မှာ တစ်ရက်လျှင် ဦးရေ ၆ဝ ကျော်ထိရှိပြီး များပြားလာကြောင်း သိရသည်။ မရမ်းခြံဆိပ်ကမ်းတွင် ခရီး သည်တင်သင်္ဘောအပါအဝင် ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ငါးခြောက်၊ ဘိလပ် မြေ စသည့်ကုန်များကိုတင်ပို့သည့် ကုန်တင်သင်္ဘောစုစုပေါင်း အစီး ရေ ၁ဝဝ ကျော်ထိရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ပုဂ္ဂလိက ရေယာဉ်များ စည်းကမ်းထိန်းသိမ်း ရေးကော်မတီမှ သိရသည်။