ကျေးရွာအခြေပြုခရီးသွားလုပ် ငန်းဖော်ဆောင်ထားသည့် စိန်ပန်းကုန်းကျေးရွာသို့ ပြည်တွင်းခရီး သွားဝင်ရောက်လည်ပတ်မှုများပြားလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဧရာဝတီလင်းပိုင်ထိန်းသိမ်းစောင့် ရှောက်ရေး

အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်လေးက ပြောပြ၍ သိရသည်။ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်ထားသည့် ကျေးရွာများမှာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်း ဆင်ကျွန်း ကျေးရွာ၊ အေးကျွန်းကျေးရွာ၊ မြေ စွန်းကျေးရွာ၊ စိန်ပန်းကုန်းကျေးရွာ၊ စဥ့်ကူးမြို့နယ်အတွင်း မြစ်ကမ်း ကြီးကျေးရွာ၊ ဆည်သည်ကျေးရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက် မြို့နယ်အတွင်း ရွာသစ်ကျေးရွာ၊ တကောင်းကျေးရွာ၊ ရှိမ်းမကား ကျေးရွာတို့ဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာများထဲမှ ခရီးသွားများ စိတ်ဝင်စားမှုရှိသည့် ကျေးရွာမှာ မတ္တရာမြို့နယ်အတွင်းရှိ စိန်ပန်း ကုန်းကျေးရွာဖြစ်ကြောင်း၊ စိန်ပန်းကုန်းကျေးရွာ၌ ရက်ကန်းလုပ်ငန်း၊ အိုးလုပ်ငန်း၊ ခမောက်လုပ်ငန်း၊ ဆေးပေါ့လိပ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်းများအပါအဝင် စိတ်ဝင်စားစရာများဖြစ်သည့် မြန်မာ့လက်မှု ပညာဖြင့် ဖန်တီးပုံဖော်ထားသော ပစ္စည်းများကိုလည်း ခရီးသွားများ စိတ်ဝင်စားမှုရှိကြောင်း၊ ထို့ပြင် ၄င်းကျေးရွာမှ ဧရာဝတီမြစ်အတွင်း စက်လှေစီး၍ ဧရာဝတီလင်းပိုင်များကို သွားရောက်ကြည့်ရှုသည့် ခရီးသွားများလည်း များပြားကြောင်းသိရသည်။ ကျေးရွာအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ဖို့အတွက် ၂ဝ၁၄ ခုနှစ်ကနေ စပြီးတော့ သား ငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)နဲ့ ငါးလုပ်ငန်းဦးစီးဌာန၊ ဧရာဝတီ လင်းပိုင်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်ဟု ဦးမောင်မောင်လေးက ပြောပြသည်။ စိန်ပန်းကုန်းကျေးရွာသို့ ဝင် ရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွားများမှာ နိုဝင်ဘာလ ဒုတိယပတ်က တစ်ရက်လျှင် ဦးရေ ၆ဝ ကျော်သာရှိခဲ့သော်လည်း နိုဝင်ဘာလတတိယပတ်မှစ၍ လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွားမှာ တစ်ရက်လျှင် ဦးရေ ၂ဝဝ ကျော်ထိရှိလာကြောင်း ၄င်းက ပြောပြ၍ သိရသည်။