ယခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂ဝ ရက်ထိ ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးစခန်းက တရုတ် နိုင်ငံသို့ တစ်သျှူးငှက်ပျော ၉၁၇၅ တန် တင်ပို့ရောင်းချပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏

သတင်းများ အရသိရသည်။ တစ်သျှူးငှက်ပျောကို ကချင် ပြည်နယ် ဝိုင်းမော်၊ ဗန်းမော်နှင့် မိုးမောက်မြို့နယ်တို့တွင် ၂ဝဝ၆ ခုနှစ်ကတည်းက စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ကချင် ပြည်နယ်ထွက် တစ်သျှူးငှက်ပျော များကို ကန်ပိုက်တီနယ်စပ်ကုန် သွယ်ရေးစခန်းမှတစ်ဆင့် တရုတ် နိုင်ငံသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုဘဏ္ဍာနှစ် မေလပထမပတ်ကစ၍ တစ်ရက်လျှင် တစ်သျှူး ငှက်ပျော ဝယ်ယူသည့် မော်တော် ယာဉ်အစီးရေ ၁ဝဝ ထိမြင့်တက် လာခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံမှ တစ်သျှူး ငှက်ပျောဝယ်ယူသည့် မော်တော်ယာဉ်အစီးရေ ၂ဝဝ ထိ မြင့်တက်လာခဲ့ကြောင်း၊ ထို့ကြောင့် ပြီးခဲ့သည့် အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော ၃၃၅ဝ တန်ထိ တင်ပို့ရောင်းချပေး ခဲ့ရပြီး နိုဝင်ဘာ ၁ ရက်မှ ၂ဝ ရက်ထိ တစ်သျှူးငှက်ပျော ၉၁၇၅ တန်ထိ ပိုမိုတင်ပို့ရောင်းချပေးခဲ့ရကြောင်း သိရသည်။ ကန်ပိုက်တီနယ်စပ်ကုန်သွယ် ရေးက တစ်သျှူးငှက်ပျောတင်ပို့မှု မြင့်တက်လာနေသဖြင့် တစ်သျှူး ငှက်ပျောထုပ်ပိုးခွံအဖြစ်အသုံးပြုမည့် ပစ္စည်းခြောက်မျိုးကို အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ (Temporary Admi ssion-TA) ဖြင့် ယာယီတင်သွင်းသည့် စနစ်ဖြင့် တင်သွင်းခွင့်ပြု ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါဆောင်ရွက်ပေးမှု များအရ နိုဝင်ဘာ ၁ ရက်မှ ၂ဝ ရက်ထိ တစ်သျှူးငှက်ပျောထုပ်ပိုးခွံ အဖြစ် အသုံးပြုမည့်ပစ္စည်းခြောက်မျိုးကို တန်ချိန် ၁ဝ၄၉ ဒသမ ၈ တန်ကို တင်သွင်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အဆိုပါ (Temporary Admi ssion-TA)ယာယီတင်သွင်းသည့် စနစ်ဖြင့်တင်သွင်းနိုင်ရန် ကုန်သွယ် ရေးဦးစီးဌာနက သွင်းကုန်လိုင်စင် ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေး စခန်းက ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် တွင် နိုဝင်ဘာ ၁၁ ရက်ထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၃၉ ဒသမ၇၉ဝ သန်း၊ သွင်းကုန်အမေရိကန် ဒေါ်လာ ၇ ဒသမ ဝဝ၅ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၇၉၅ ရရှိထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။